.
Friday, February 21, 2020
Friday, September 1, 2017
Facebook ကို ဟက်မခံရအောင် 95% Security ခံထားနည်း
မင်္ဂလာပါ ဒီရက်ပိုင်းတင်မဟုတ်ဘူး ဘယ်တော့မှ မရိုးအီနိုင်တဲ့အကြောင်းအရာတစ်ခုက Cyber Bullying Case ပဲဖြစ်ပါတယ်။အများဆုံးဖြစ်တဲ့ အရာကတော့ Facebook အကောင့် အဟက်ခံလိုက်ရကနေ ဟက်သွားတဲ့သူက အဟက်ခံလိုက်ရတဲ့ အကောင့်ပိုင်ရှင်ထံ ငွေညှစ်ခြင်း၊ အဟက်ခံလိုက်ရတဲ့ အကောင့်အားညစ်ညမ်းPage အဖြစ်ပြောင်းလဲလိုက်ခြင်း.. စတာတွေက နိစ္စဒူဝ မရိုးအီနိုင်တဲ့
အဖြစ်အပျက်တွေပဲ ဖြစ်ပါတယ်။
G-mail Accountကိုအရင်ဆုံး Security ခံထားဖို့အတွက်လည်း လေ့လာပြီး လုပ်ဆောင်ထားဖို့လိုအပ်မှာ ဖြစ်ပါတယ်. အကောင့်တခုမှ မိမိရဲ့ gmail..သည်သာလျှင် ပင်မ အရေးပါတယ်ဆိုတာ သိထားသင့်ပါတယ်..
ကိုဖတ်ပြီးမှ လက်ရှိ Facebook Account ကို လုပ်ပါမယ်။ ကဲ စရအောင်
အရင်ဆုံး မိမိအကောင့်ကို ဖွင့်ထားလိုက်ပါမယ်။ ဒီနောက်တော့အောက်ပါပုံအတိုင်း
မိမိအကောင့်ရဲ့ Settings ကိုသွားပါမယ်။ ထို့နောက်တော့
အထက်ပါပုံအတိုင်း Security ကို နှိပ်လိုက်ပါမယ်။ ပြီးသွားရင်တော့ညာဖက်ခြမ်းမှ စပြီး တစ်ခုချင်းစီလုပ်ဆောင်ပါ့မယ်။ အရင်ဆုံး Login Alerts Services ကိုဖွင့်ပါမယ်။
Login Alerts ဆိုတာကတော့ သင့်အကောင့်ကို လက်ရှိသုံးနေကျBrowser မဟုတ်တဲ့ Any Browser, Any Devices မှ ၀င်ရောက်သုံးစွဲတဲ့အခါမှာ လှမ်းပြီး အသိပေးဖို့ဖြစ်ပါတယ်။ လက်ရှိကတော့
Don’t get notifications ဆိုတာဖြစ်နေပါမယ်။ ဒါကိုကျတော်တို့ကNotifications မှာရော Email address မှာရောကို မျှားအနီရောင်ပြထားတဲ့ Get Notifications နဲ့ Email loginalerts to MAILဆိုတာကို
ရွေးချယ်ပေးလိုက်ပြီး Save Changes လုပ်လိုက်ပါ့မယ်။ဒီအခါမှာသင်ပြောင်းလဲလိုက်တဲ့ Setting Configured အတွက်
အထက်ပါပုံအတိုင်း Password ပြန်တောင်းပါလိမ့်မယ်။ ကျတော်တို့က
Password ကိုရိုက်ပြီး Submit လုပ်လိုက်ပါ့မယ်။ ဒါဆိုရင် Changed settingsဖြစ်သွားပါလိမ့်မယ်။
#Login Approval On ထားခြင်း
Login Approval On ထားတယ်ဆိုတာကတော့ သင့်အကောင့်ကိုမတူညီတဲ့ Devices, Browser ကနေ၀င်တဲ့အခါမှာ သင်ကိုယ်တိုင်းသင့်အကောင့်ရဲ့ Password ကို သိတာတောင်မှ သင့်အကောင့်ထဲ
ကိုဝင်ဖို့ OTP (One Time Password) ပုံစံမျိုး စက္ကန့် ၃၀ တိုင်းမှာပြောင်းလဲနေတဲ့ Code ကို ထည့်မှ ၀င်နိုင်တာမျိုးဖြစ်ပါတယ်။
ကျတော်တို့က အထက်ပါပုံအတိုင်းမှ မျှားအနီရောင်ပြထားတဲ့ Require security code to access my account from unknown Browsers ဆိုတာကို အမှန်ခြစ်လေး နှိပ်လိုက်ပါ့မယ်။ဒါဆိုရင်တော့
အထက်ပါပုံအတိုင်း သင့်အကောင့်ကို Login Approvals ခံဖို့အတွက်
Box ပေါ်လာရင် ကျတော်တို့က Get started ဆိုတာကို နှိပ်လိုက်ပါ့မယ်။
ဒီအချိန်မှာတော့
အထက်ပါပုံအတိုင်း ကျတော်တို့က Security Code ကို သတ်မှတ်ဖို့
အတွက် လက်ရှိ ဘယ် Devices ကိုသုံးနေတာလည်း ဆိုတာကို
သတ်မှတ်ပေးရမှာဖြစ်ပါတယ်။ ကျတော်ကတော့ Android Devices
ကိုသုံထားတဲ့အတွက်ကြောင် Android, iPhone or iPod Touch
ဆိုတာကို Radius Check Box လေးကို နှိပ်လိုက်ပါမယ်။ပြီးရင်တော့
အောက်ပါပုံအတိုင်း
Continue ကို နှိပ်လိုက်ပါမယ်။ဒါဆိုရင်တော့ သင့်အကောင့်ကို
Login Approval ဖွင့်ထားလိုက်ပြီဖြစ်ပါတယ်။ Login Approval
ဆိုတာကတော့ OTP နဲ့ အလားသဏ္ဍာန်တူတဲ့အတွက်ကြောင့်ထို Code ကိုရယူနိုင်ဖို့က Account Setting ထဲက Code Generatorထဲကနေသွားယူရတာဖြစ်ပါတယ်။ ဒါက ဘယ်အနေအထားမှာသုံးတာ
လည်းဆိုတော့ သင့်အကောင့်ကို သင့်ဖုန်းထဲမှာဝင်ထားတယ်….သင့်အကောင့်ကိုပဲ တစ်ခြားကွန်ပျူတာကနေ ၀င်ချင်တဲ့အခါ User Nameနဲ့ Password ကိုရိုက်ပြီးသွားတာတောင်မှ OTP Code ကို ထည့်ရမှာဖြစ်ပါတယ်။ ဒါကြောင့် Account Setting ထဲက Code Generator ကနေ
သွားယူရမှာဖြစ်ပါတယ်။ထို့နောက် အောက်ပါပုံအတိုင်းပေါ်လာလျှင်
ကျတော်တို့က မိမိအကောင့်ရဲ့ Settings ကို Tab တစ်ခုအနေနဲ့ခေါ်ပြီး
အောက်ပါပုံအတုင်း
Set up ဆိုတာကို နှိပ်လိုက်ပါ့မယ်။ ဒါဆိုရင်တော့ သင့်အကောင့်အတွက်
Password ကိုအောက်ပါပုံအတိုင်း
တောင်းလျှင်ရိုက်ထည့်ပြီး Submit ကိုနှိပ်လိုက်တဲ့အခါမှာတော့
အထက်ပါပုံအတိုင်း သင့်အကောင့်ကို Code Generator ဖွင့်ဖို့အတွက်
ပေါ်လာမှာဖြစ်ပါတယ်။ ဒီနေရာမှာ သင်က သင့်ဖုန်းထဲမှာ Thirt-party Utility ဖြစ်တဲ့ Google Authenticator ကို
မှာ သွားဒေါင်းပီး ဖုန်းထဲကို ထည့်ထားပါ့မယ်။ ထို့နောက်တော့ ကျတော်တို့က
ဖုန်းထဲမှာ သွင်းထားပီးရင် ယခု Facebook Account ကို OTP သတ်မှတ်မှာဖြစ်တဲ့အတွက်ကြောင့် သင့် ဖုန်းထဲသွင်းထားတဲ့ GA ကိုဖွင့်လိုက်ပါမယ်။
ထို့နောက် Set Up Account ကို နှိပ်လိုက်ပြီး
Enter Provide Key ဆိုတဲ့နေရာမှာ အပေါ်က QR Code ဖတ်တဲ့နေရာက
Secret Key ကိုရိုက်ထည့်ပေးလိုက်ပါမယ်
Name နေရာမှာကတော့ မိမိစိတ်ကြိုက်နာမည်ကိုထည့်ပီး လုပ်ပါမယ်။
ပြီးသွားရင်တော့ Add လုပ်ပေးလိုက်ပါ့မယ်။ထို့နောက်ပီးသွားရင်တော့
ထို Code Generator မှ ပြထားတဲ့ ကုဒ်ကို အပေါ်ကပုံအတိုင်းထည့်ပြီး
Confirm လုပ်လိုက်ပါ့မယ်။ ဒါဆိုရင် သင့်အကောင့်ကို Code Generatorခံလိုက်ပီး ဖြစ်ပါတယ်။
#App Password ခံထားခြင်း
App Password ခံထားတယ်ဆိုတာကလည်း သင့်အကောင့်အတွက် မရှိမဖြစ်
လုပ်ဆောင်ရမှာဖြစ်ပါတယ်။ ဆိုလိုတာက Account အတွက် Devices Password
လိုမျိုးဖြစ်ပါတယ်။
အထက်ပါပုံအတိုင်းမှ မျှားအနီရောင်လေးပြထားတဲ့ Generate appPasswords ကို နှိပ်လိုက်ပါ့မယ်။ဒါဆိုရင်
အထက်ပါပုံအတိုင်း ပေါ်လာရင်ကျတော်တို့ Generate App Passwords
ဆိုတာကို နှိပ်လိုက်ပါ့မယ်။ဒါဆိုရင်တော့
အထက်ပါပုံအတိုင်းပေါ်လာတဲ့အခါမှာ ကျတော်တို့က ဘယ် Devices
နဲ့ သုံးနေတာလည်း ဆိုတာကိုရေးပေးရတာဖြစ်ပါတယ်။ ဒီနေရာမှDevices တင်မဟုတ်ပဲ မိမိနာမည်နဲ့လည်း ရပါတယ်။ ဒါကြောင့် ကျတော်အောက်ပါပုံအတိုင်း
UZARNI လို့ရိုက်လိုက်ပါတယ်။ ထို့နောက် Generate Password ကို
နှိပ်လိုက်တဲ့အခါမှာတော့
အထက်ပါအတိုင်း သင့် နာမည်အတွက် Code 10 လုံးပါဝင်တဲ့
Password ကိုချပေးပါလိမ့်မယ်။ ဒါလေးကိုမှတ်ထားရပါမယ်။တစ်ချိန်ချိန်မှာ အသုံးဝင်လာပါလိမ့်မယ်။ ပြီးသွားရင်တော့ ကျတော်တို့က Finish ဆိုတာကို နှိပ်လိုက်ပါ့မယ်။ဒါဆိုရင်အောက်ပါပုံအတိုင်း
သင့်အတွက် Password ကို သိမ်းပြီးပါပြီဆိုတာကို ဖော်ပြပါလိမ့်မယ်။ကျတော်တို့က OK လုပ်လိုက်ပါ့မယ်။
#Mobile
ဒီနောက်ကျတော်တို့က အကောင့်ကို လုံခြုံမှုအတွက် ဖုန်းနဲ့ တစ်ဆင့်
ထပ်ခံထားပါ့မယ်။ ဒါကြောင့် အောက်ပါပုံအတိုင်း
Mobile ဆိုတာကို သွားပါမယ်။ ပြီးသွားရင်တော့ Add a phone ဆိုတာကို
နှိပ်လိုက်ပါ့မယ်။ ထိုနောက်တော့ကျတော်တို့က ဖုန်းနံပါတ်ထည့်ဖို့အတွက်
Add your phone number here ဆိုတာကို နှိပ်လိုက်ပါ့မယ်။ဒါဆိုရင်
အထက်ပါပုံအတိုင်း ဖုန်းနံပါတ်တစ်ခု Confirm လုပ်ဖို့ပေးပါလိမ့်မယ်။ကျတော်တို့ မိမိအမြဲတမ်း ကိုင်နေတဲ့ ဖုန်းနံပါတ်တစ်ခုကို ရိုက်ထည့်လိုက်ပါမယ်။
ထို့နောက်တော့ Continue ကို နှိပ်လိုက်ပါ့မယ်။ဒါဆိုရင် သင့်ရဲ့ဖုန်းထဲသို့
ဝင်လာတဲ့ Code ၆ လုံးကို အထက်ပါအတိုင်း ဖြည့်ပြီး Confirm လုပ်
လိုက်ပါမယ်။ပြီးသွားရင်တော့
အောက်ပါအတိုင်း သင့်ဖုန်းနံပါတ်ကို Confirmed လုပ်ပြီးကြောင်းကို
Message ပြပါလိမ့်မယ်။ OK ကို နှိပ်လိုက်ပါမယ်။
#Trusted Contacts
Trusted Contact ကလည်း သင့်အကောင့်အတွက် အရမ်းအရေးကြီးပါတယ်။
ဘာကြောင့် အရေးကြီးလည်းဆိုတော့ သင့်အကောင့်ပါသွားရင်တောင်သို့မဟုတ်
သင့်အကောင်ကို Hack ဖို့ကြိုးစားတယ်ဆိုရင် ဒီ သုံးယောက်ကို ဖြတ်သွားနိုင်မှ
ရမှာမို့လို့ပါ ။ ဒါကြောင့် ကျတော်တို့က Trusted Contact ကို ထည့်ထားရပါတယ်။
Trusted Contact ကို ၅ ယောက်ထိထည့်လို့ရတယ်ဆိုပေမယ့် တစ်ကယ်အလုပ်လုပ်
တာကတော့ သုံးယောက်ဆီက Code သုံးခုပါပဲ။
ဒါကြောင့် ကျတော်တို့က မိမိရဲ့ အရမ်းရင်းနှီးတဲ့ သူငယ်ချင်း သို့မဟုတ်မိမိရဲ့ တစ်ခြားအကောင့် (ဘယ်သူမှ မသိတဲ့အကောင့်) ကို ထည့်ထားသင့်ပါတယ်။ကဲ… ဒီလောက်ဆို သင့်အကောင့်ကို ဟက်မခံရအောင် ၉၅%လုံခြုံရေး သတ်မှတ်လိုက်တာဖြစ်ပါတယ်။ ဘာကြောင့် ၁၀၀ % အာမမခံ
တာလည်းဆိုတော့ တစ်ကယ်ကျွမ်းကျင်တဲ့ ဟက်ကာဆိုလား ဘာလားသူတို့ကတော့ အဲ့ဒီ ကျန်တဲ့ ၅ % ကနေ ဟက်ယူကြတာဖြစ်ပါတယ်။အဲ့တာကလည်း လက်ချိုးရည်လို့ရပါတယ်။…. ကဲ အားလုံးအဆင်ပြေ
မယ်ထင်ပါတယ်။လေးစားစွာဖြင့်
Credit To... (ဦးဇာနည်)
Thursday, August 31, 2017
Phicom Backlight Jumpper
အကိုရေ.....အောက်ပြုတ်ကျပြီးဖုန်းဖွင့်လို့မရတော့ဘူးတဲ့...ဘက်ထရီလည်းဖားပါးစပ်နှင့်အားသွင်းထားပြီးပြီတဲ့....ဒီတော့ ထုံးစံအတိုင်းP.S နှင့်ချိတ်ပြီးနိုးတော့ မီတာအပ်တံလေးလှုပ်ပြီးနိုးနေတာတွေ့လိုက်ရတယ်..စကရင်မှာတော့ ဘာမှမပေါ်ဘူး...သေသေချာချာကြည့်မှရိပ်ရိပ်လေးပေါ်နေတာတွေ့လိုက်တော့ သေချာပြီ B.LIGHT error...ဖုန်းကိုဖြုတ်ပြီးlcd socket ကိုကြည့်လိုက်တော့ ဆားပေါက်တွေတွေ့တယ်...သန့်ရှင်းရေးလုပ်ပြီးကြည့်မှ BLight အပင်လေးပြတ်နေတာတွေ့လိုက်တယ်..ဒီတော့ပုံလေးလို လုပ်ပေးလိုက်တော့ အိုကေသွားရော.....
IDEA MOBILE (TRAINNING & SERVICE)
IDEA MOBILE (TRAINNING & SERVICE)
Lenovo Shock
Lenovo တလုံးလာအပ်တယ်....ဘာမှမလာဘူးတဲ့...စိတ်ချမ်းသာလိုက်တာ အဲလို လာမှမလာတဲ့ဖုန်းတွေပြင်ရတာကို....
P.S နှင့်ချိတ်တော့ အားပါးပါးပူလိုက်တာသံပြားကြီး...သံပြားကိုဆွဲခွာလိုက်တော့ NET WORK GROUP....P.S ကို V လျှော့ချပြီး ချတ်တော့ C လေးတွေပူနေတယ်...ခဲငွေ့ရိုက်ရမှာပျင်းလို့ မီတာကောက်ကိုင်ပြီး C လေးတွေ လျှောက်တိုင်းတယ်...တွေ့ပြီ Shock ကျနေတဲ့ကောင်တွေ...တလုံးတည်းမဟုတ်တော့ စိတ်လေတယ်....Shock ကျနေတဲ့ အကောင်လို့ ထင်တဲ့အလုံးကို ဖြုတ်ချတယ်...Shock မပျောက်ဘူး...နောက်တလုံးကိုထပ်ဖြုတ်တော့ မှာ OK သွားတယ်...အရင်ဖြုတ်ထားတဲ့အလုံးကိုပြန်တပ်ပေးလိုက်တာ...ဖြုတ်ထားတဲ့အလုံးကိုလည်းဆိုဒ်တူပြန်တပ်ပေးလိုက်တယ်...
IDEA MOBILE (TRAINNING & SERVICE)
P.S နှင့်ချိတ်တော့ အားပါးပါးပူလိုက်တာသံပြားကြီး...သံပြားကိုဆွဲခွာလိုက်တော့ NET WORK GROUP....P.S ကို V လျှော့ချပြီး ချတ်တော့ C လေးတွေပူနေတယ်...ခဲငွေ့ရိုက်ရမှာပျင်းလို့ မီတာကောက်ကိုင်ပြီး C လေးတွေ လျှောက်တိုင်းတယ်...တွေ့ပြီ Shock ကျနေတဲ့ကောင်တွေ...တလုံးတည်းမဟုတ်တော့ စိတ်လေတယ်....Shock ကျနေတဲ့ အကောင်လို့ ထင်တဲ့အလုံးကို ဖြုတ်ချတယ်...Shock မပျောက်ဘူး...နောက်တလုံးကိုထပ်ဖြုတ်တော့ မှာ OK သွားတယ်...အရင်ဖြုတ်ထားတဲ့အလုံးကိုပြန်တပ်ပေးလိုက်တာ...ဖြုတ်ထားတဲ့အလုံးကိုလည်းဆိုဒ်တူပြန်တပ်ပေးလိုက်တယ်...
IDEA MOBILE (TRAINNING & SERVICE)
Y625 EMMC ERROR
ဖုန်းက Logo လည်နေတယ်...ဒီတော့ရှင်းရှင်းဘဲပြောပြတယ်..ညီမလေး ...ဒီဖုန်းကလက်ရှိဖန်ဝဲ ကျသလိုဖြစ်နေတယ်...ဖန်ဝဲ တင်လို့မရရင် EMMC လဲရမယ်...emmc လဲလို့အဆင်မပြေရင် အခုလို Logo လေးတောင်မြင်ရမှာမဟုတ်ဘူးလို့ရှင်းရှင်းပြောတယ်...လက်ခံရင်ပြင်ပေးမယ်.....အိုကေဆိုတော့အဆင်ပြေသွားတယ်...emmc လဲတိုင်း ကောင်းသလားဆိုရင် emmc error မှန်ရင် အိုကေတယ်..ဒါပေမယ့်အရေးကြီးဆုံးက ကိုယ့်လက်ဆ ...အိုင်စီခွာတဲ့အခါ အရေးကြီးတဲ့ Data အပင်တွေ ပြတ်မပါသွားဖို့လိုတယ်...တပင်လောက်ဆို ပြန်ဆက်လို့အဆင်ပြေ ပေမယ့် အပင်ရေများရင် ငိုတော့.....ဒါကြောင့်မို့ စကားကြိုတင်ခံထားရတယ်....အိုင်စီခွာတော့ ပုံပါအတိုင်း Data အပင်တွေမပါတော့ အိုင်စီကို ခဲလောင်းပြီး ပြန်ကပ်.ပြီးရင်y625u32 က qualcom ဆိုတော့ Block 0 လေးပြန်ရေးလိုက်တော့ကောင်းသွားရော..
IDEA MOBILE (TRAINNIG & SERVICE)
IDEA MOBILE (TRAINNIG & SERVICE)
Wednesday, August 30, 2017
Parallel Space-Multi Accounts Latest Version 2.2.4961 APK - နောက်ဆုံးဗားရှင်း
ကျွန်တော်တို့တွေဟာ စမတ်ဖုန်း တစ်လုံးကို ပြီးပြည့်စုံအောင် အသုံးပြုချင်ကြသူတွေပါ။ ဥပမာအနေနဲ့ ပြောရရင် Facebook Account နှစ်ခုကို ဖုန်းတစ်လုံးတည်းမှာတင် ပြိုင်တူ အသုံးပြုချင်တာတွေ၊ COC အကောင့် နှစ်ခုကို စမတ်ဖုန်း တစ်လုံးတည်းမှာတင် ပြိုင်တူ အသုံးပြုချင်တာတွေ၊ အခြား မြောက်မြားလှစွာသော Social Application တွေကို ပြိုင်တူ အသုံးပြုချင်တာတွေ စတဲ့ ပြိုင်တူ လုပ်ချင်တာတွေများကြပါတယ်။ အဓိကအားဖြင့်တော့ Facebook နဲ့ COC ပေါ့။ အခုဆိုရင်တော့ အဆိုပါ အဆင်မပြေမှုတွေကို အဆင်ပြေစေမဲ့ Android Application လေးတစ်ခု ထွက်ပေါ်လာပါပြီ။ Application လေးရဲ့ နာမည်ကတော့ Parallel Space လို့ခေါ်ပါတယ်။
ဒီ application လေးရဲ့ အားသာချက်ကတော့ Network တစ်ခုတည်းရဲ့ အောက်မှာ တစ်ချိန်တည်း Account တွေ မြောက်မြားစွာကို စိတ်ကြိုက် အသုံးပြုနိုင်ပါတယ်။ အထူးသဖြင့် ဂိမ်းသမားတွေအတွက် စိတ်ကြိုက်ဖြစ်စေမှာဖြစ်ပြီး Application တွေအကုန်လုံးနီးပါးကို ပြိုင်တူ အသုံးပြုနိုင်ပါတယ်။ ဒါ့အပြင် ကြိုက်နှစ်သက်တဲ့ Application တွေကိုလည်း Parallel Space ဆိုတဲ့ Application လေးထဲမှာ ထည့်သွင်းသိမ်းထားလို့ရပါသေးတယ်။
သတိပြုထားရမဲ့ အချက်တွေအနေနဲ့ကတော့ မိုဘိုင်းဖုန်းရဲ့ Permission လိုအပ်တဲ့ ကိစ္စတွေကို သတိထားရပါတယ်။ နောက်တစ်ခုက Application နှစ်ခုကို ပြိုင်တူ သုံးနေရတာဖြစ်တဲ့အတွက် Storage ပြဿနာတွေရှိလာနိုင်ပါတယ်။ Task manager လို App မျိုးတွေအသုံးပြုပြီး သေချာ စီမံရင်တော့ အဆင်ပြေပါတယ်။ ဒါ့အပြင် လက်ရှိအသုံးပြုနေတဲ့ ဖုန်းနံပါတ်နဲ့ ဖွင့်ထားတဲ့ Account နှစ်မျိုးဆိုရင် အသုံးပြုလို့မရနိုင်ပါဘူး။ အသုံးပြုလိုသူများအနေနဲ့ အောက်က Link မှာ ဝင်ရောက် Download ပြုလုပ်နိုင်ပါတယ်။
Ref: myanmarmobileapp
Bagan Keybroad Perminum 5.6 (Key ထည့်စရာမလိုတဲ့ Activated ဖြစ်ပြီးသား Bagan Keybeoad)
Bagan Keybroad အတွက် Key မလိုတဲ့ Version 5.6 ကိုတင်ပေးလိုက်ပါတယ်။ အခုတော့ Version 6 ကျော်ထိ ထွက် နေပါပြီ။ Activated ဖြစ်ပြီးသား တွေ့လို့ လိုင်းမကောင်းတဲ့ကြားက ပြန်လည်မျှဝေ ပေးလိုက်ပါတယ်။ အခု Version ကတော့ အရင်က တင်ထားဖူးတဲ့ Perminum ဖြစ်ပြီးသား v4.4 ထက်ပိုလန်းပါတယ်။ သုံးရတာလည်း ပိုမြန်ဆန်ပြီး အဆင်ပြေပါတယ်။
လိုချင်သူများ အောက်က လင့်မှာ ဒေါင်းနိုင်ပါတယ်။
အားလုံးအဆင်ပြေပါစေ။
Dauble Tap For Android (ဖုန်း Screen ကို လက်နဲ့ ၂ ချက် ထောက်လိုက်ရုံနဲ့ Unlock ဖြစ်စေမဲ့ဆော့ဝဲလ်)
ဒီ Double Tap ကိုတော်တော်များသိကြမယ် ထင်ပါတယ်။ အခုနောက်ပိုင်းဖုန်းတော်တော်များလည်း Double Tap Unlock ပါတာများပါတယ်။ Samsung ဖုန်းတော်တော်များတော့ မပါကြပါဘူး။ အဲတာကို ဆောဝဲနဲ့ အသုံးပြုလို့ရပါတယ်။ ဖိုင်ဆိုဒ်ကလည်းသေးသေးလေးပါ ဖုန်းထဲမှာ ရှိနေသင့်တာမို့ ကြိုက်ရင်ဆွဲသွားကြပါဗျာ။ Android Version 4.++++ အထက်တွေမှာ အသုံးပြုနိုင်ပါတယ်။
အောက်မှာ ဆွဲလိုက်ပါ
အားလုံးအဆင်ပြေပါစေ။
Sim Card တစ်ကတ်ထဲဖုန်းကို ဖုန်းနံပါတ် ၂ ခု သုံးချင်သူတွေအတွက် နည်းလမ်းကောင်း။ ဆောဝဲမလို အင်တာနက်လိုင်းမလို ပိုက်ဆံမစားဘူး။ တကယ်အသုံးဝင်တာနော်။
ကျနော်တို့ဖုန်းထဲမှာ MPT Sim သုံးထားတယ်ပေါ့ဗျာ။ အဲတာ ဖုန်းကလည်း Sim တခုထဲသုံးလို့ရတယ် Telenor ကိုလည်းသုံးချင်တယ် အဲမှာ အခက်တွေ့ရောပေါ့။ ကဲဒါဆိုရင် အသုံးပြုလို့ရတဲ့နည်းလမ်း တွေ့ထားပါတယ်။ MPT ဖုန်းနံပါတ်ကို Telenor ထဲမှာ အ၀င် Call လက်ခံလို့ရမယ်ဗျ။ အဲတာဆိုရင် Telenor Sim တခုထဲမှာ MPT ရော Telenor နံပါတ်ပါ နှစ်ခုလုံး အ၀င်ခေါ်လက်ခံလို့ရပြီဗျ။ လုံးဝ Free နော် ကျနော် လက်တွေ့ စမ်းသပ်ပြီး သုံးနေပါတယ်။ ဒီနည်းကို MPT မူရင်း Page ကနေ တင်ထားတာတွေ့လို့ စမ်းကြည့်တာ အဆင်ပြေလို့ ပြန်မျှဝေပေးတာပါ။ Ooredoo သုံးသမားတွေလည်း ယခုနည်းအတိုင်းလုပ်လို့ရပါတယ်။ အတူတူပါပဲ။
မရှင်းမှာ စိုးလို့ အခုနည်းက MPT ဖုန်းနံပါတ်ကို Telenor/Ooredoo နံပါတ်ထဲမှာ အ၀င် call လက်ခံလို့ရတဲ့နည်းနော်။ MPT Sim ကို ဖုန်းထဲကနေထုတ်ထားလည်း MPT ကို Call ရင် Telenor ထဲ ၀င်သွားမှာပါ။ အဲတာဆို Sim တကတ်ထဲဖုန်းက နံပါတ် ၂ ခုအ၀င်လက်ခံလို့ရပြီပေါ့။ အရမ်းအသုံးဝင်တာနော် ကဲအောက်ကနည်းအတိုင်း လိုက်လုပ်ကြပါဗျာ အဆင်ပြေပါစေ။ ကျနော် ကိုယ်တိုင် စမ်းထားတာမို့ စိတ်ချလက်ချ ဒီနည်းကို သုံးနိုင်ပါတယ်။ ကဲ စမယ်ဗျာ ---
- အရင်ဆုံး MPT Sim Card ကို ဖုန်းထဲမှာထည့်ထားပါ။
- 1331ကို CF လို့ ရေးပြီး SMS ပို့ပါ။ ခနနေရင် SMS တခု ပြန်ဝင်လာပါမယ်။ အဲတာဆို စလို့ရပြီ။
- ကို့ရဲ့ MPT Sim မှာ ကိုသုံးချင်တဲ့ ကတ် Telenor/Ooredoo နံပတ်ကို *21*09×××××××××# လို့ရိုက်ပြီး Call နိပ်လိုက်ပါ။ ခနနေဆို Success ဖြစ်တဲ့ စာပြလာရင် အောင်မြင်ပါပြီ။ အဲတာဆို MPT Card ကို ထုတ်လိုက်လို့ရပြီ ခုနက ထည့်ထားတဲ့ နံပါတ် Telenor/Ooredoo Sim ကို ဖုန်းထဲ ထည့်လိုက်ပါ။ အဲတာဆို အားလုံး အဆင်ပြေပါပြီ။
MPT နံပါတ်ပဲခေါ်ခေါ် Telenor နံပါတ်ပဲခေါ်ခေါ် ကိုထည့်ထားတဲ့ Telenor Sim ထဲမှာပဲ Calling ၀င်လာမှာဖြစ်ပါတယ်။ အဲတာဆို Sim တခုထဲကို နံပါတ် ၂ ခုအ၀င် Call လက်ခံလို့ရပါပြီ။ ကျနော် လက်တွေ့ စမ်းထားတာမို့ မဖြစ်နိုင်ဘူးဆိုတာမပြောပါနဲ့နော်။ အဆင်မပြေရင် ကျနော့်ဖုန်းနံပါတ် 09262690765 ကို ဖုန်းဆက်ပြီးမေးပါ။ ဖုန်းနဲ့ ရေးတင်တာမို့ ပုံနှင့်တကွ မပြနိုင်တာ ခွင့်လွှတ်ပါနော်။
မူလအတိုင်းမူလအတိုင်းပြန်သုံးချင်လို့ CF ကိုပြန်ပိတ်ချင်ရင် 1331 ကို CF OFF လို့ MPT မှာ SMS ပို့လိုက်ပါ နဂိုမူလအတိုင်းပြန်ဖြစ်သွားပါမယ်။ အခြားဘာ Setting မှ ချိန်းစရာမလိုပါဘူး။
အားလုံးအဆင်ပြေပါစေ
Avira System Speedup 3.0.0 Crack |12.9 Mb
Windows System ကို Optimize and Speed Up လုပ်ပေးနိုင်တဲ့ All In One Tool
Avira System Speedup နောက်ဆုံးထွက် Version ကိုတင်ပေးလိုက်ပါတယ်။ဖိုင်ဆိုက်
Avira System Speedup နောက်ဆုံးထွက် Version ကိုတင်ပေးလိုက်ပါတယ်။ဖိုင်ဆိုက်
12.9MB သာရှိပြီး Windows XP/Vista/7/8/8.1/7/8/8.1/10 (32- bit /64-bit)ရှိတဲ့ စက်
တွေအားလုံးမှာအသုံးပြုနိုင်ပါတယ် Full ဖြစ်ဖို့အတွက် Crackထည့်သွင်းထားပါတယ်။အား
လုံးအဆင်ပြေပါစေဗျာ။ (Rar Pass = www.nyilattun.com)
How to Activate ?
==> Install the Program
==> After Install Don't Launch/Run the Application [Exit from System Tray]
==> Copy Crack folder Content
==> Paste/Overwrite/Replace Copied file Into Software Default Install Directory
==> Enjoy
==> Install the Program
==> After Install Don't Launch/Run the Application [Exit from System Tray]
==> Copy Crack folder Content
==> Paste/Overwrite/Replace Copied file Into Software Default Install Directory
==> Enjoy
░░░▒▓██ Download HERE ██▓▒░░░
░░░▒▓██ Download HERE ██▓▒░░░
nyilattun
Internet Download Manager 6.26 Build 14 Crack & Patch Full |9.5 MB
မင်္ဂလာပါ...ကွန်ပျူတာကိုင်ဆောင်ကာ IDM 6.26 Build 14 ၊ ၁၂ လပိုင် ၂ ရက်နေ့ နောက်ဆုံးထွက်
Update အသုံးပြုလိုသူများအတွက် IDM 6.26 Build 14 ကိုတင်ပေးလိုက်ပါတယ်။ဖိုင်ဆိုက်-9.0Mb
သာရှိပါတယ်။Windows XP / Vista/ 7/ 8/ 8.1/ 10 (32-bit or 64-bit) စက်တွေမှာအသုံးပြုနိုင်ပါ
တယ်။full သုံးရအောင်အတွက် Crack & Patch ထည့်သွင်းထားပါတယ်။{မှတ်ချက်...လက်ရှိထည့်
ထားတဲ့IDM ကို Uninstall လုပ်ပြီးမှသာ IDM 6.26 Build 14 ကို Install လုပ်ပြီးအသုံးပြုပါဗျ}
အဆင်ပြေပါစေ။
{ Rar Pass = www.nyilattun.com }
░░░▒▓██ Download HERE ██▓▒░░░
░░░▒▓██ Download HERE ██▓▒░░░
nyilattun
Panorama 360 Camera VR video ပုံတွေကို 360° နဲ့ ရိုက်လို့ရတဲ့ဆော့ဝဲ
ပုံနှင့် Video တွေကို 360° နဲ့ရိုက်ပြီး Save ထားလို့ရတဲ့ဆော့ဝဲလ် ဖြစ်ပါတယ်။ သုံးနည်းကို Video ဖိုင်နဲ့တင်ပေးမလို့ပဲ၊ အရမ်းလွယ်တာမို့ အချိန်လည်းမရတာနဲ့ မတင်တော့ဘူးနော်။ Facebook မှာအခုတလော နာမည်ကြီးနေတာ မေးတဲ့သူတွေများလာလို့ ပြန် Share ပေးလိုက်တာပါ။ ဆော့ဝဲလ်ကို အောက်က လင့်မှာဒေါင်းယူနိုင်ပါပြီ။ ဖိုင်ဆိုဒ်လည်း သိပ်မကြီးတာမို့ လူတိုင်းဆွဲထားလိုက်ပါ။ တခါတလေ အရမ်းကို အသုံးဝင် ပါတယ်။
░░░▒▓██ Download HERE ██▓▒░░░
အားလုံးအဆင်ပြေပါစေ။
Zaw Min Than
Subscribe to:
Posts (Atom)