Friday, February 21, 2020

Honor ဖုန်းလေးလာပြုပြင်လို့ရပါတယ်နော်



Honor ဖုန်းလေးတွင် ပုံက Error မျိုးဖြစ်နေတယ်ဆိုရင် ( IDEA MOBILE ) ဦးစောဟန်စတိုးနံဘေး ဗိုလ်ချုပ်လမ်း , ပိတောက်ရွှေဝါရပ်ကွက် မှာ မနက်အပ် ညနေလာယူစနစ်နှင့် လာပြုပြင်လို့ရပါတယ်နော်

Friday, September 1, 2017

Facebook ကို ဟက်မခံရအောင် 95% Security ခံထားနည်း

မင်္ဂလာပါ ဒီရက်ပိုင်းတင်မဟုတ်ဘူး ဘယ်တော့မှ မရိုးအီနိုင်တဲ့အကြောင်းအရာတစ်ခုက Cyber Bullying Case ပဲဖြစ်ပါတယ်။အများဆုံးဖြစ်တဲ့ အရာကတော့ Facebook အကောင့် အဟက်ခံလိုက်ရကနေ ဟက်သွားတဲ့သူက အဟက်ခံလိုက်ရတဲ့ အကောင့်ပိုင်ရှင်ထံ ငွေညှစ်ခြင်း၊ အဟက်ခံလိုက်ရတဲ့ အကောင့်အားညစ်ညမ်းPage အဖြစ်ပြောင်းလဲလိုက်ခြင်း.. စတာတွေက နိစ္စဒူဝ မရိုးအီနိုင်တဲ့
အဖြစ်အပျက်တွေပဲ ဖြစ်ပါတယ်။
 G-mail Accountကိုအရင်ဆုံး Security ခံထားဖို့အတွက်လည်း လေ့လာပြီး လုပ်ဆောင်ထားဖို့လိုအပ်မှာ ဖြစ်ပါတယ်. အကောင့်တခုမှ မိမိရဲ့ gmail..သည်သာလျှင် ပင်မ အရေးပါတယ်ဆိုတာ သိထားသင့်ပါတယ်..
ကိုဖတ်ပြီးမှ လက်ရှိ Facebook Account ကို လုပ်ပါမယ်။ ကဲ စရအောင်
အရင်ဆုံး မိမိအကောင့်ကို ဖွင့်ထားလိုက်ပါမယ်။ ဒီနောက်တော့အောက်ပါပုံအတိုင်း


မိမိအကောင့်ရဲ့ Settings ကိုသွားပါမယ်။ ထို့နောက်တော့


အထက်ပါပုံအတိုင်း Security ကို နှိပ်လိုက်ပါမယ်။ ပြီးသွားရင်တော့ညာဖက်ခြမ်းမှ စပြီး တစ်ခုချင်းစီလုပ်ဆောင်ပါ့မယ်။ အရင်ဆုံး    Login Alerts Services ကိုဖွင့်ပါမယ်။


Login Alerts ဆိုတာကတော့ သင့်အကောင့်ကို လက်ရှိသုံးနေကျBrowser မဟုတ်တဲ့ Any Browser, Any Devices မှ ၀င်ရောက်သုံးစွဲတဲ့အခါမှာ လှမ်းပြီး အသိပေးဖို့ဖြစ်ပါတယ်။ လက်ရှိကတော့
Don’t get notifications ဆိုတာဖြစ်နေပါမယ်။ ဒါကိုကျတော်တို့ကNotifications မှာရော Email address မှာရောကို မျှားအနီရောင်ပြထားတဲ့ Get Notifications နဲ့ Email loginalerts to MAILဆိုတာကို
ရွေးချယ်ပေးလိုက်ပြီး Save Changes လုပ်လိုက်ပါ့မယ်။ဒီအခါမှာသင်ပြောင်းလဲလိုက်တဲ့ Setting Configured အတွက်


အထက်ပါပုံအတိုင်း Password ပြန်တောင်းပါလိမ့်မယ်။ ကျတော်တို့က
Password ကိုရိုက်ပြီး Submit လုပ်လိုက်ပါ့မယ်။ ဒါဆိုရင် Changed settingsဖြစ်သွားပါလိမ့်မယ်။
 
#Login Approval On ထားခြင်း
Login Approval On ထားတယ်ဆိုတာကတော့ သင့်အကောင့်ကိုမတူညီတဲ့ Devices, Browser ကနေ၀င်တဲ့အခါမှာ သင်ကိုယ်တိုင်းသင့်အကောင့်ရဲ့ Password ကို သိတာတောင်မှ သင့်အကောင့်ထဲ
ကိုဝင်ဖို့ OTP (One Time Password) ပုံစံမျိုး စက္ကန့် ၃၀ တိုင်းမှာပြောင်းလဲနေတဲ့ Code ကို ထည့်မှ ၀င်နိုင်တာမျိုးဖြစ်ပါတယ်။


ကျတော်တို့က အထက်ပါပုံအတိုင်းမှ မျှားအနီရောင်ပြထားတဲ့ Require security code to access my account from unknown   Browsers ဆိုတာကို အမှန်ခြစ်လေး နှိပ်လိုက်ပါ့မယ်။ဒါဆိုရင်တော့


အထက်ပါပုံအတိုင်း သင့်အကောင့်ကို Login Approvals ခံဖို့အတွက်
Box ပေါ်လာရင် ကျတော်တို့က Get started ဆိုတာကို နှိပ်လိုက်ပါ့မယ်။
ဒီအချိန်မှာတော့


အထက်ပါပုံအတိုင်း ကျတော်တို့က Security Code ကို သတ်မှတ်ဖို့
အတွက် လက်ရှိ ဘယ် Devices ကိုသုံးနေတာလည်း ဆိုတာကို
သတ်မှတ်ပေးရမှာဖြစ်ပါတယ်။ ကျတော်ကတော့ Android Devices
ကိုသုံထားတဲ့အတွက်ကြောင် Android, iPhone or iPod Touch
ဆိုတာကို Radius Check Box လေးကို နှိပ်လိုက်ပါမယ်။ပြီးရင်တော့
အောက်ပါပုံအတိုင်း


Continue ကို နှိပ်လိုက်ပါမယ်။ဒါဆိုရင်တော့ သင့်အကောင့်ကို


Login Approval ဖွင့်ထားလိုက်ပြီဖြစ်ပါတယ်။ Login Approval
ဆိုတာကတော့ OTP နဲ့ အလားသဏ္ဍာန်တူတဲ့အတွက်ကြောင့်ထို Code ကိုရယူနိုင်ဖို့က Account Setting ထဲက Code Generatorထဲကနေသွားယူရတာဖြစ်ပါတယ်။ ဒါက ဘယ်အနေအထားမှာသုံးတာ
လည်းဆိုတော့ သင့်အကောင့်ကို သင့်ဖုန်းထဲမှာဝင်ထားတယ်….သင့်အကောင့်ကိုပဲ တစ်ခြားကွန်ပျူတာကနေ ၀င်ချင်တဲ့အခါ User Nameနဲ့ Password ကိုရိုက်ပြီးသွားတာတောင်မှ OTP Code ကို ထည့်ရမှာဖြစ်ပါတယ်။ ဒါကြောင့် Account Setting ထဲက Code Generator ကနေ
သွားယူရမှာဖြစ်ပါတယ်။ထို့နောက် အောက်ပါပုံအတိုင်းပေါ်လာလျှင်

ကျတော်တို့က မိမိအကောင့်ရဲ့ Settings ကို Tab တစ်ခုအနေနဲ့ခေါ်ပြီး
အောက်ပါပုံအတုင်း


Set up ဆိုတာကို နှိပ်လိုက်ပါ့မယ်။ ဒါဆိုရင်တော့ သင့်အကောင့်အတွက်
Password ကိုအောက်ပါပုံအတိုင်း


တောင်းလျှင်ရိုက်ထည့်ပြီး Submit ကိုနှိပ်လိုက်တဲ့အခါမှာတော့


အထက်ပါပုံအတိုင်း သင့်အကောင့်ကို Code Generator ဖွင့်ဖို့အတွက်
ပေါ်လာမှာဖြစ်ပါတယ်။ ဒီနေရာမှာ သင်က သင့်ဖုန်းထဲမှာ Thirt-party  Utility ဖြစ်တဲ့ Google Authenticator ကို


မှာ သွားဒေါင်းပီး ဖုန်းထဲကို ထည့်ထားပါ့မယ်။ ထို့နောက်တော့ ကျတော်တို့က
ဖုန်းထဲမှာ သွင်းထားပီးရင် ယခု Facebook Account ကို OTP သတ်မှတ်မှာဖြစ်တဲ့အတွက်ကြောင့် သင့် ဖုန်းထဲသွင်းထားတဲ့ GA ကိုဖွင့်လိုက်ပါမယ်။


ထို့နောက် Set Up Account ကို နှိပ်လိုက်ပြီး


Enter Provide Key ဆိုတဲ့နေရာမှာ အပေါ်က QR Code ဖတ်တဲ့နေရာက
Secret Key ကိုရိုက်ထည့်ပေးလိုက်ပါမယ်


Name နေရာမှာကတော့ မိမိစိတ်ကြိုက်နာမည်ကိုထည့်ပီး လုပ်ပါမယ်။
ပြီးသွားရင်တော့ Add လုပ်ပေးလိုက်ပါ့မယ်။ထို့နောက်ပီးသွားရင်တော့


ထို Code Generator မှ ပြထားတဲ့ ကုဒ်ကို အပေါ်ကပုံအတိုင်းထည့်ပြီး
Confirm လုပ်လိုက်ပါ့မယ်။ ဒါဆိုရင် သင့်အကောင့်ကို Code Generatorခံလိုက်ပီး ဖြစ်ပါတယ်။ 
 
#App Password ခံထားခြင်း
App Password ခံထားတယ်ဆိုတာကလည်း သင့်အကောင့်အတွက် မရှိမဖြစ်
လုပ်ဆောင်ရမှာဖြစ်ပါတယ်။ ဆိုလိုတာက Account အတွက် Devices Password
လိုမျိုးဖြစ်ပါတယ်။


အထက်ပါပုံအတိုင်းမှ မျှားအနီရောင်လေးပြထားတဲ့ Generate appPasswords ကို နှိပ်လိုက်ပါ့မယ်။ဒါဆိုရင်


အထက်ပါပုံအတိုင်း ပေါ်လာရင်ကျတော်တို့ Generate App Passwords
ဆိုတာကို နှိပ်လိုက်ပါ့မယ်။ဒါဆိုရင်တော့


အထက်ပါပုံအတိုင်းပေါ်လာတဲ့အခါမှာ ကျတော်တို့က ဘယ် Devices
နဲ့ သုံးနေတာလည်း ဆိုတာကိုရေးပေးရတာဖြစ်ပါတယ်။ ဒီနေရာမှDevices တင်မဟုတ်ပဲ မိမိနာမည်နဲ့လည်း ရပါတယ်။ ဒါကြောင့် ကျတော်အောက်ပါပုံအတိုင်း


UZARNI လို့ရိုက်လိုက်ပါတယ်။ ထို့နောက် Generate Password ကို
နှိပ်လိုက်တဲ့အခါမှာတော့


အထက်ပါအတိုင်း သင့် နာမည်အတွက် Code 10 လုံးပါဝင်တဲ့
Password ကိုချပေးပါလိမ့်မယ်။ ဒါလေးကိုမှတ်ထားရပါမယ်။တစ်ချိန်ချိန်မှာ အသုံးဝင်လာပါလိမ့်မယ်။ ပြီးသွားရင်တော့ ကျတော်တို့က Finish ဆိုတာကို နှိပ်လိုက်ပါ့မယ်။ဒါဆိုရင်အောက်ပါပုံအတိုင်း


သင့်အတွက် Password ကို သိမ်းပြီးပါပြီဆိုတာကို ဖော်ပြပါလိမ့်မယ်။ကျတော်တို့က OK လုပ်လိုက်ပါ့မယ်။
 
#Mobile
ဒီနောက်ကျတော်တို့က အကောင့်ကို လုံခြုံမှုအတွက် ဖုန်းနဲ့ တစ်ဆင့်
ထပ်ခံထားပါ့မယ်။ ဒါကြောင့် အောက်ပါပုံအတိုင်း


Mobile ဆိုတာကို သွားပါမယ်။ ပြီးသွားရင်တော့ Add a phone ဆိုတာကို
နှိပ်လိုက်ပါ့မယ်။ ထိုနောက်တော့ကျတော်တို့က ဖုန်းနံပါတ်ထည့်ဖို့အတွက်


Add your phone number here ဆိုတာကို နှိပ်လိုက်ပါ့မယ်။ဒါဆိုရင်


အထက်ပါပုံအတိုင်း ဖုန်းနံပါတ်တစ်ခု Confirm လုပ်ဖို့ပေးပါလိမ့်မယ်။ကျတော်တို့ မိမိအမြဲတမ်း ကိုင်နေတဲ့ ဖုန်းနံပါတ်တစ်ခုကို ရိုက်ထည့်လိုက်ပါမယ်။


ထို့နောက်တော့ Continue ကို နှိပ်လိုက်ပါ့မယ်။ဒါဆိုရင် သင့်ရဲ့ဖုန်းထဲသို့


ဝင်လာတဲ့ Code ၆ လုံးကို အထက်ပါအတိုင်း ဖြည့်ပြီး Confirm လုပ်
လိုက်ပါမယ်။ပြီးသွားရင်တော့


အောက်ပါအတိုင်း သင့်ဖုန်းနံပါတ်ကို Confirmed လုပ်ပြီးကြောင်းကို
Message ပြပါလိမ့်မယ်။ OK ကို နှိပ်လိုက်ပါမယ်။
 

#Trusted Contacts
Trusted Contact ကလည်း သင့်အကောင့်အတွက် အရမ်းအရေးကြီးပါတယ်။
ဘာကြောင့် အရေးကြီးလည်းဆိုတော့ သင့်အကောင့်ပါသွားရင်တောင်သို့မဟုတ်
သင့်အကောင်ကို Hack ဖို့ကြိုးစားတယ်ဆိုရင် ဒီ သုံးယောက်ကို ဖြတ်သွားနိုင်မှ
ရမှာမို့လို့ပါ ။ ဒါကြောင့် ကျတော်တို့က Trusted Contact ကို ထည့်ထားရပါတယ်။
Trusted Contact ကို ၅ ယောက်ထိထည့်လို့ရတယ်ဆိုပေမယ့် တစ်ကယ်အလုပ်လုပ်
တာကတော့ သုံးယောက်ဆီက Code သုံးခုပါပဲ။


ဒါကြောင့် ကျတော်တို့က မိမိရဲ့ အရမ်းရင်းနှီးတဲ့ သူငယ်ချင်း သို့မဟုတ်မိမိရဲ့ တစ်ခြားအကောင့် (ဘယ်သူမှ မသိတဲ့အကောင့်) ကို ထည့်ထားသင့်ပါတယ်။ကဲ… ဒီလောက်ဆို သင့်အကောင့်ကို ဟက်မခံရအောင် ၉၅%လုံခြုံရေး သတ်မှတ်လိုက်တာဖြစ်ပါတယ်။ ဘာကြောင့် ၁၀၀ % အာမမခံ
တာလည်းဆိုတော့ တစ်ကယ်ကျွမ်းကျင်တဲ့ ဟက်ကာဆိုလား ဘာလားသူတို့ကတော့ အဲ့ဒီ ကျန်တဲ့ ၅ % ကနေ ဟက်ယူကြတာဖြစ်ပါတယ်။အဲ့တာကလည်း လက်ချိုးရည်လို့ရပါတယ်။…. ကဲ အားလုံးအဆင်ပြေ
မယ်ထင်ပါတယ်။လေးစားစွာဖြင့်

Credit To... (ဦးဇာနည်)

Thursday, August 31, 2017

Phicom Backlight Jumpper

အကို​ရေ.....​အောက်​ပြုတ်​ကျပြီးဖုန်းဖွင့်​လို့မရ​တော့ဘူးတဲ့...ဘက်​ထရီလည်းဖားပါးစပ်​နှင့်​အားသွင်းထားပြီးပြီတဲ့....ဒီ​တော့ ထုံးစံအတိုင်းP.S နှင့်​ချိတ်​ပြီးနိုး​တော့ မီတာအပ်​တံ​လေးလှုပ်​ပြီးနိုး​နေတာ​တွေ့လိုက်​ရတယ်​..စကရင်​မှာ​တော့ ဘာမှမ​ပေါ်ဘူး...​သေ​သေချာချာကြည့်​မှရိပ်​ရိပ်​​လေး​ပေါ်​နေတာ​တွေ့လိုက်​​တော့ ​သေချာပြီ B.LIGHT error...ဖုန်းကိုဖြုတ်​ပြီးlcd socket ကိုကြည့်​လိုက်​​တော့ ဆား​ပေါက်​​တွေ​တွေ့တယ်​...သန့်​ရှင်း​ရေးလုပ်​ပြီးကြည့်​မှ BLight အပင်​​လေးပြတ်​​နေတာ​တွေ့လိုက်​တယ်​..ဒီ​တော့ပုံ​လေးလို လုပ်​​ပေးလိုက်​​တော့ အို​ကေသွား​ရော.....
                                                                 IDEA MOBILE (TRAINNING & SERVICE)

Lenovo Shock

Lenovo တလုံးလာအပ်​တယ်​....ဘာမှမလာဘူးတဲ့...စိတ်​ချမ်းသာလိုက်​တာ အဲလို လာမှမလာတဲ့ဖုန်း​တွေပြင်​ရတာကို....
P.S နှင့်​ချိတ်​​တော့ အားပါးပါးပူလိုက်​တာသံပြား​ကြီး...သံပြားကိုဆွဲခွာလိုက်​​တော့ NET WORK GROUP....P.S ကို V ​လျှော့ချပြီး ချတ်​​တော့ C ​လေး​တွေပူ​နေတယ်​...ခဲ​ငွေ့ရိုက်​ရမှာပျင်းလို့ မီတာ​ကောက်​ကိုင်​ပြီး C ​လေး​တွေ ​လျှောက်​တိုင်းတယ်​...​တွေ့ပြီ ​Shock ​ကျ​နေတဲ့​ကောင်​​တွေ...တလုံးတည်းမဟုတ်​​တော့ စိတ်​​လေတယ်​....Shock ကျ​နေတဲ့ အ​ကောင်​လို့ ထင်​တဲ့အလုံးကို ဖြုတ်​ချတယ်​...Shock မ​ပျောက်​ဘူး...​နောက်​တလုံးကိုထပ်​ဖြုတ်​​တော့ မှာ OK သွားတယ်​...အရင်​ဖြုတ်​ထားတဲ့အလုံးကိုပြန်​တပ်​​ပေးလိုက်​တာ...ဖြုတ်​ထားတဲ့အလုံးကိုလည်းဆိုဒ်​တူပြန်​တပ်​​ပေးလိုက်​တယ်​...
                                                                     IDEA MOBILE (TRAINNING & SERVICE)

Y625 EMMC ERROR

ဖုန်းက Logo လည်​​နေတယ်​...ဒီ​တော့ရှင်းရှင်းဘဲ​ပြောပြတယ်​..ညီမ​လေး ...ဒီဖုန်းကလက်​ရှိဖန်​ဝဲ ကျသလိုဖြစ်​​နေတယ်​...ဖန်​ဝဲ တင်​လို့မရရင်​ EMMC လဲရမယ်​...emmc လဲလို့အဆင်​မ​ပြေရင်​ အခုလို Logo ​လေး​တောင်​မြင်​ရမှာမဟုတ်​ဘူးလို့ရှင်းရှင်း​ပြောတယ်​...လက်​ခံရင်​ပြင်​ပေးမယ်​...​..အို​ကေဆို​တော့အဆင်​​ပြေသွားတယ်​...emmc လဲတိုင်း ​ကောင်းသလားဆိုရင်​ emmc error မှန်​ရင်​ အို​ကေတယ်​..ဒါ​ပေမယ့်​အ​ရေးကြီးဆုံးက ကိုယ့်​လက်​ဆ ...အိုင်​စီခွာတဲ့အခါ အ​ရေးကြီးတဲ့ Data အပင်​​တွေ ပြတ်​မပါသွားဖို့လိုတယ်​...တပင်​​လောက်​ဆို ပြန်​ဆက်​လို့အဆင်ြေ​​ပ ​ပေမယ့်​ အပင်​​ရေများရင်​ ငို​တော့.....ဒါ​ကြောင့်​မို့ စကားကြိုတင်​ခံထားရတယ်​....အိုင်​စီခွာ​တော့ ပုံပါအတိုင်း Data အပင်​​တွေမပါ​တော့ အိုင်​စီကို ခဲ​လောင်းပြီး ပြန်​ကပ်​.ပြီးရင်​y625u32 က qualcom ဆို​တော့ Block 0 ​လေးပြန်​​ရေးလိုက်​​တော့​ကောင်းသွား​ရော..
                                                                           IDEA MOBILE (TRAINNIG & SERVICE)

Wednesday, August 30, 2017

Parallel Space-Multi Accounts Latest Version 2.2.4961 APK - နောက်ဆုံးဗားရှင်း

 ကျွန်တော်တို့တွေဟာ စမတ်ဖုန်း တစ်လုံးကို ပြီးပြည့်စုံအောင် အသုံးပြုချင်ကြသူတွေပါ။ ဥပမာအနေနဲ့ ပြောရရင် Facebook Account နှစ်ခုကို ဖုန်းတစ်လုံးတည်းမှာတင် ပြိုင်တူ အသုံးပြုချင်တာတွေ၊ COC အကောင့် နှစ်ခုကို စမတ်ဖုန်း တစ်လုံးတည်းမှာတင် ပြိုင်တူ အသုံးပြုချင်တာတွေ၊ အခြား မြောက်မြားလှစွာသော Social Application တွေကို ပြိုင်တူ အသုံးပြုချင်တာတွေ စတဲ့ ပြိုင်တူ လုပ်ချင်တာတွေများကြပါတယ်။ အဓိကအားဖြင့်တော့ Facebook နဲ့ COC ပေါ့။ အခုဆိုရင်တော့ အဆိုပါ အဆင်မပြေမှုတွေကို အဆင်ပြေစေမဲ့ Android Application လေးတစ်ခု ထွက်ပေါ်လာပါပြီ။ Application လေးရဲ့ နာမည်ကတော့ Parallel Space လို့ခေါ်ပါတယ်။
ဒီ application လေးရဲ့ အားသာချက်ကတော့ Network တစ်ခုတည်းရဲ့ အောက်မှာ တစ်ချိန်တည်း Account တွေ မြောက်မြားစွာကို စိတ်ကြိုက် အသုံးပြုနိုင်ပါတယ်။ အထူးသဖြင့် ဂိမ်းသမားတွေအတွက် စိတ်ကြိုက်ဖြစ်စေမှာဖြစ်ပြီး Application တွေအကုန်လုံးနီးပါးကို ပြိုင်တူ အသုံးပြုနိုင်ပါတယ်။ ဒါ့အပြင် ကြိုက်နှစ်သက်တဲ့ Application တွေကိုလည်း Parallel Space ဆိုတဲ့ Application လေးထဲမှာ ထည့်သွင်းသိမ်းထားလို့ရပါသေးတယ်။
သတိပြုထားရမဲ့ အချက်တွေအနေနဲ့ကတော့ မိုဘိုင်းဖုန်းရဲ့ Permission လိုအပ်တဲ့ ကိစ္စတွေကို သတိထားရပါတယ်။ နောက်တစ်ခုက Application နှစ်ခုကို ပြိုင်တူ သုံးနေရတာဖြစ်တဲ့အတွက် Storage ပြဿနာတွေရှိလာနိုင်ပါတယ်။ Task manager လို App မျိုးတွေအသုံးပြုပြီး သေချာ စီမံရင်တော့ အဆင်ပြေပါတယ်။ ဒါ့အပြင် လက်ရှိအသုံးပြုနေတဲ့ ဖုန်းနံပါတ်နဲ့ ဖွင့်ထားတဲ့ Account နှစ်မျိုးဆိုရင် အသုံးပြုလို့မရနိုင်ပါဘူး။ အသုံးပြုလိုသူများအနေနဲ့ အောက်က Link မှာ ဝင်ရောက် Download ပြုလုပ်နိုင်ပါတယ်။

 
 Ref: myanmarmobileapp
CA IPCC Taxation Question Paper

Bagan Keybroad Perminum 5.6 (Key ထည့်​စရာမလိုတဲ့ Activated ဖြစ်​ပြီးသား Bagan Keybeoad)




Bagan Keybroad အတွက်​ Key မလိုတဲ့ Version 5.6 ကိုတင်​​ပေးလိုက်​ပါတယ်​။ အခု​တော့ Version 6 ​ကျော်​ထိ ထွက်​​ ​နေပါပြီ။ Activated ဖြစ်​ပြီးသား ​​တွေ့လို့ လိုင်းမ​ကောင်းတဲ့ကြားက ပြန်​လည်​မျှ​ဝေ ​ပေးလိုက်​ပါတယ်​။ အခု Version က​တော့ အရင်​က တင်​ထားဖူးတဲ့ Perminum ဖြစ်​ပြီးသား v4.4 ထက်​ပိုလန်းပါတယ်​။ သုံးရတာလည်း ပိုမြန်​ဆန်​ပြီး အဆင်​​ပြေပါတယ်​။
လိုချင်​သူများ ​အောက်​က လင့်​မှာ ​ဒေါင်းနိုင်​ပါတယ်​။

Orange Cracker ကဟတ်​ထားတဲ့ Keybroad ဖြစ်​ပါတယ်​။

အားလုံးအဆင်​​ပြေပါ​စေ။

Dauble Tap For Android (ဖုန်း Screen ကို လက်​နဲ့ ၂ ချက်​ ​ထောက်​လိုက်​ရုံနဲ့ Unlock ဖြစ်​​စေမဲ့​ဆော့ဝဲလ်​)


ဒီ Double Tap ကို​တော်​​တော်​များသိကြမယ်​ ထင်​ပါတယ်​။ အခု​နောက်​ပိုင်းဖုန်း​တော်​​တော်​များလည်း Double Tap Unlock ပါတာများပါတယ်​။ Samsung ဖုန်း​တော်​​တော်​များ​တော့ မပါကြပါဘူး။ အဲတာကို ​ဆောဝဲနဲ့ အသုံးပြုလို့ရပါတယ်​။ ဖိုင်​ဆိုဒ်​ကလည်း​သေး​သေး​လေးပါ ဖုန်းထဲမှာ ရှိ​နေသင့်​တာမို့ ကြိုက်​ရင်​ဆွဲသွားကြပါဗျာ။ Android Version 4.++++ အထက်​​တွေမှာ အသုံးပြုနိုင်​ပါတယ်​။  
အောက်​မှာ ဆွဲလိုက်​ပါ


အားလုံးအဆင်​​ပြေပါ​စေ။

Sim Card တစ်​ကတ်​ထဲဖုန်းကို ဖုန်းနံပါတ်​ ၂ ခု သုံးချင်​သူ​တွေအတွက်​ နည်းလမ်း​ကောင်း။ ​ဆောဝဲမလို အင်တာနက်လိုင်း​မလို ပိုက်ဆံမစားဘူး​​​။ တကယ်​အသုံးဝင်​တာ​နော်​။



ကျ​နော်​တို့ဖုန်းထဲမှာ MPT Sim သုံးထားတယ်​​ပေါ့ဗျာ။ အဲတာ ဖုန်းကလည်း Sim တခုထဲသုံးလို့ရတယ်​ Telenor ကိုလည်းသုံးချင်​တယ်​ အဲမှာ အခက်​​တွေ့​ရော​ပေါ့။ ကဲဒါဆိုရင်​ အသုံးပြုလို့ရတဲ့နည်းလမ်း ​တွေ့ထားပါတယ်​။ MPT ဖုန်းနံပါတ်​ကို Telenor ထဲမှာ အ၀င်​ Call လက်​ခံလို့ရမယ်​ဗျ။ အဲတာဆိုရင်​ Telenor Sim တခုထဲမှာ MPT ​ရော Telenor နံပါတ်​ပါ နှစ်​ခုလုံး အ၀င်​​ခေါ်လက်​ခံလို့ရပြီဗျ။ လုံးဝ Free ​နော်​ ကျ​နော်​ လက်​​တွေ့ စမ်းသပ်​ပြီး သုံး​နေပါတယ်​။ ဒီနည်းကို MPT မူရင်း Page က​နေ တင်​ထားတာ​တွေ့လို့ စမ်းကြည့်​တာ အဆင်​​ပြေလို့ ပြန်​မျှ​ဝေ​ပေးတာပါ။ Ooredoo သုံးသမား​တွေလည်း ယခုနည်းအတိုင်းလုပ်​လို့ရပါတယ်​။ အတူတူပါပဲ။ 

မရှင်းမှာ စိုးလို့ အခုနည်းက MPT ဖုန်းနံပါတ်​ကို Telenor/Ooredoo နံပါတ်​ထဲမှာ အ၀င်​​ call လက်​ခံလို့ရတဲ့နည်း​နော်​။ MPT Sim ကို ဖုန်းထဲက​နေထုတ်​ထားလည်း MPT ကို Call ရင်​ Telenor ထဲ ၀င်​သွားမှာပါ။ အဲတာဆို Sim တကတ်​ထဲဖုန်းက နံပါတ်​ ၂ ခုအ၀င်​လက်​ခံလို့ရပြီ​ပေါ့။ အရမ်းအသုံးဝင်​တာ​နော်​ ကဲ​အောက်​ကနည်းအတိုင်း လိုက်​လုပ်​ကြပါဗျာ အဆင်​​ပြေပါ​စေ။ ကျ​နော်​ ကိုယ်​တိုင်​ စမ်းထားတာမို့ စိတ်​ချလက်​ချ ဒီနည်းကို သုံးနိုင်​ပါတယ်​။ ကဲ စမယ်​ဗျာ ---

- အရင်​ဆုံး MPT Sim Card ကို ဖုန်းထဲမှာထည့်​ထားပါ။
- 1331ကို CF လို့ ​ရေးပြီး SMS ပို့ပါ။ ခန​နေရင်​ SMS တခု ပြန်​၀င်​လာပါမယ်​။ အဲတာဆို စလို့ရပြီ။
- ကို့ရဲ့ MPT Sim မှာ ကိုသုံးချင်​တဲ့ ကတ်​ Telenor/Ooredoo နံပတ်​ကို *21*09×××××××××# လို့ရိုက်​ပြီး Call နိပ်​လိုက်​ပါ။ ခန​နေဆို Success ဖြစ်​တဲ့ စာပြလာရင်​ ​အောင်​မြင်​ပါပြီ။ အဲတာဆို MPT Card ကို ထုတ်​လိုက်​လို့ရပြီ ခုနက ထည့်​ထားတဲ့ နံပါတ်​ Telenor/Ooredoo Sim ကို ဖုန်းထဲ ထည့်​လိုက်​ပါ။ အဲတာဆို အားလုံး အဆင်​​ပြေပါပြီ။

MPT နံပါတ်​ပဲ​ခေါ်​ခေါ် Telenor နံပါတ်​ပဲ​ခေါ်​ခေါ် ကိုထည့်​ထားတဲ့ Telenor Sim ထဲမှာပဲ Calling ၀င်​လာမှာဖြစ်​ပါတယ်​။ အဲတာဆို Sim တခုထဲကို နံပါတ်​ ၂ ခုအ၀င်​ Call လက်​ခံလို့ရပါပြီ။ ကျ​နော်​ လက်​​တွေ့ စမ်းထားတာမို့ မဖြစ်​နိုင်​ဘူးဆိုတာမ​ပြောပါနဲ့​နော်​။ အဆင်​မ​ပြေရင်​ ကျ​နော့်​ဖုန်းနံပါတ်​ 09262690765 ကို ဖုန်းဆက်​ပြီး​မေးပါ။ ဖုန်းနဲ့ ​ရေးတင်​တာမို့ ပုံနှင့်​တကွ မပြနိုင်​တာ ခွင့်​လွှတ်​ပါ​နော်​။


မူလအတိုင်းမူလအတိုင်းပြန်​သုံးချင်​လို့ CF ကိုပြန်​ပိတ်​ချင်​ရင်​ 1331 ကို CF OFF လို့ MPT မှာ SMS ပို့လိုက်​ပါ နဂိုမူလအတိုင်းပြန်​ဖြစ်​သွားပါမယ်​။ အခြားဘာ Setting မှ ချိန်းစရာမလိုပါဘူး။

အားလုံးအဆင်​​ပြေပါ​စေ

Avira System Speedup 3.0.0 Crack |12.9 Mb

Windows System ကို Optimize and Speed Up လုပ်ပေးနိုင်တဲ့ All In One Tool
Avira System Speedup နောက်ဆုံးထွက် Version ကိုတင်ပေးလိုက်ပါတယ်။ဖိုင်ဆိုက်
12.9MB သာရှိပြီး Windows XP/Vista/7/8/8.1/7/8/8.1/10 (32- bit /64-bit)ရှိတဲ့ စက်
တွေအားလုံးမှာအသုံးပြုနိုင်ပါတယ် Full ဖြစ်ဖို့အတွက် Crackထည့်သွင်းထားပါတယ်။အား
လုံးအဆင်ပြေပါစေဗျာ။ (Rar Pass = www.nyilattun.com)
 
 
How to Activate ?

     ==> Install the Program
     ==> After Install Don't Launch/Run the Application [Exit from System Tray]
     ==> Copy Crack folder Content
     ==> Paste/Overwrite/Replace Copied file Into Software Default Install Directory
     ==> Enjoy
   ░░░▒▓██ Download HERE ██▓▒░░░ 

  ░░░▒▓██ Download HERE ██▓▒░░░ 



nyilattun
  

Internet Download Manager 6.26 Build 14 Crack & Patch Full |9.5 MB

မင်္ဂလာပါ...ကွန်ပျူတာကိုင်ဆောင်ကာ IDM 6.26 Build 14 ၊ ၁၂ လပိုင် ၂ ရက်နေ့ နောက်ဆုံးထွက်
 Update အသုံးပြုလိုသူများအတွက် IDM 6.26 Build 14 ကိုတင်ပေးလိုက်ပါတယ်။ဖိုင်ဆိုက်-9.0Mb
သာရှိပါတယ်။Windows XP / Vista/ 7/ 8/ 8.1/ 10 (32-bit or 64-bit) စက်တွေမှာအသုံးပြုနိုင်ပါ
တယ်။full သုံးရအောင်အတွက် Crack & Patch ထည့်သွင်းထားပါတယ်။{မှတ်ချက်...လက်ရှိထည့်
ထားတဲ့IDM ကို Uninstall လုပ်ပြီးမှသာ  IDM 6.26 Build 14 ကို Install  လုပ်ပြီးအသုံးပြုပါဗျ}
အဆင်ပြေပါစေ။
 { Rar Pass = www.nyilattun.com }
   ░░░▒▓██ Download HERE ██▓▒░░░ 

  ░░░▒▓██ Download HERE ██▓▒░░░ 



nyilattun

Panorama 360 Camera VR video ပုံ​တွေ​ကို 360° နဲ့ ရိုက်​လို့ရတဲ့​ဆော့ဝဲ


ပုံနှင့်​ Video ​တွေကို 360° နဲ့ရိုက်​ပြီး Save ထားလို့ရတဲ့​ဆော့ဝဲလ်​ ​ဖြစ်​ပါတယ်​။ သုံးနည်းကို Video ဖိုင်​နဲ့တင်​​ပေးမလို့ပဲ၊ အရမ်းလွယ်​တာမို့ အချိန်​လည်းမရတာနဲ့ မတင်​​တော့ဘူး​နော်​။ Facebook မှာအခုတ​လော နာမည်​ကြီး​နေတာ ​မေးတဲ့သူ​တွေများလာလို့ ပြန်​​ Share ​ပေးလိုက်​တာပါ။ ​ဆော့ဝဲလ်​ကို ​အောက်​က လင့်​မှာ​ဒေါင်းယူနိုင်​ပါပြီ။ ဖိုင်​ဆိုဒ်​လည်း သိပ်​မကြီးတာမို့ လူတိုင်းဆွဲထားလိုက်​ပါ။ တခါတ​လေ အရမ်းကို အသုံးဝင်​ ပါတယ်​။

░░░▒▓██ Download HERE ██▓▒░░░ 


အားလုံးအဆင်​​ပြေပါ​စေ။
Zaw Min Than