Showing posts with label အက်စ်တက်စီ(ECSTASY)ဆေးပြား ၂ ဒဿမ ၃၈၅ သန်း ဖမ်းဆီးရမိ. Show all posts
Showing posts with label အက်စ်တက်စီ(ECSTASY)ဆေးပြား ၂ ဒဿမ ၃၈၅ သန်း ဖမ်းဆီးရမိ. Show all posts

Sunday, August 24, 2014

ကော့သောင်းမြို့နယ်တွင် (ECSTASY)ဆေးပြား ၂ ဒဿသ၃၈၅ သန်း ဖမ်းဆီးရမိ



သြဂုတ် ၁၉ ရက်နေ့ ၁၅၄၀ အချိန် တပ်မတော်စစ်ရေယာဉ်တစ်စီးမှ ကော့သောင်းမြို့နယ်၊ အနောက်မြောက်ဘက်မိုင်(၁၈၂)မိုင်ခန့်အကွာတွင် တွေ့ရှိသည့် အောင်လင်းထွန်း အမည်ပါ စက်လှေပေါ်မှ တရားမ၀င်သစ်တန်ချိန် ၇၀ ခန့်အား စက်လှေပေါ်တွင်ပါလာသူ အမျိုးသား ၁၅ ဦးနှင့်အတူ ဖမ်းဆီးရမိခဲ့သည်။
၎င်းစက်လှေအား ဆက်လက်ရှာဖွေရာ စတိုခန်းအတွင်း မီးသွေးအိတ်များဖြင့် ဖုံးအုပ်ထားသော စက္ကူကတ္တူပုံးအတွင်းမှ အထုပ်ငယ်များဖြင့် ထုပ်ထားသည့် √ အမှတ်တံဆိပ်နှင့် RN အမှတ်တံဆိပ်ပါ အက်စ်တက်စီ ဆေးပြား ၂ ဒဿမ ၃၈၅ သန်း(ဒေသတန်ဘိုးငွေကျပ် ၁၆၆,၉၅၀ သန်း)တို့အား ထပ်မံသိမ်းဆည်းရမိခဲ့သည်။
အဆိုပါ ဖမ်းဆီးရမိသော သစ်ခိုးလှေနှင့် သစ်များ၊ မူးယစ်ဆေးဝါးများနှင့် တရာခံများအား ကော့သောင်းရဲစခန်းသို့ အပ်နှံထားရှိပြီး တရားခံ(၁၅)ဦးအပေါ် မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သတင်းရရှိသည်။

သစ်များအားမော်လမြိုင်သစ်စက်မှတင်လာကြောင်းစစ်ဆေးတွေ့ရှိသော်လည်းမူးယစ်ဆေးဝါးပိုင်ရှင်နှင့်
ထုတ်လုပ်သည့်စက်ရုံရှိနေရာအားမသိရှိသေးပါကြောင်းသတင်းရရှိသည်။