Showing posts with label ကော့သောင်းမြို့တွင် ပျက်စီးမှုများအားလိုက်လံ ကြည့်ရှု။. Show all posts
Showing posts with label ကော့သောင်းမြို့တွင် ပျက်စီးမှုများအားလိုက်လံ ကြည့်ရှု။. Show all posts

Thursday, July 10, 2014

ဝန်ကြီးချုပ် ဦးမြတ်ကို စူပါမုန်တိုင်း(နီယိုဂူရီ)အရှိန်ကြောင့် ကော့သောင်းမြို့တွင် ပျက်စီးမှုများအားလိုက်လံ ကြည့်ရှု။

တနင်္သာရီတိုင်းဒေသကြီး ၊ အစိုးရအဖွဲ့ ၊၀န်ကြီးချုပ် ဦးမြတ်ကို သည် အစိုးရအဖွဲ့ ၀င် တိုင်းဒေသကြီး၊ လူမှုရေးဝန် ကြီး နှင့် တာဝန်ရှိသူများ လိုက်ပါလျှက် စူပါမုန်တိုင်း(နီယိုဂူရီ)အရှိန်ကြောင့်
ကော့သောင်းမြို့တွင် ပျက်စီးမှု အခြေအနေ များအား ဇူလိုင် ၉ ရက် နေ့ မွန်းလွဲပိုင်း ကရောက်ရှိ ကြည့်ရှု စစ်ဆေးသည်။
ဝန်ကြီးချုပ်သည် စူပါမုန်တိုင်း( နီယိုဂူရီ) အရှိန်ကြောင့် ကော့သောင်းမြို့တွင် မိုးသည်းထန်စွာရွာသွန်း၍ တစ်နာရီမိုင်(၄၀)နှုန်းခန့် တောက်လျှောက် လေပြင်းတိုက် ခဲ့ရာ ဇူလိုင်(၈) ရက် ည (၉း၃၀)နာရီ က သစ်ပင်လဲကျ ဖိမိသဖြင့် ပြိုကျ ပျက်စီးခဲ့သည့် ဘုရင့်နောင်ရပ်ကွက် ၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး အုတ်ခံ နှစ်ထပ် အဆောက်ဦး အား ဇူလိုင် ၉ ရက် မွန်းလွဲ ပိုင်း က သွားရောက်ကြည့်ရှုစစ်ဆေး ပြီး တာဝန်ရှိသူများ အား ပိုမိုခိုင်ခန့် သည့် ရုံးအဆောက်အဦး အမြန်ဆုံးပြန်လည်ပြင်ဆင်ဆောက်လုပ်နိုင်ရေး လမ်းညွှန်မှာကြားပြီး ကူညီပံ့ပိုးမှု များ ဆောင်ရွက်ပေးသည်။
အလားတူ ၀န်ကြီးချုပ်သည် အဆိုပါ မုန်တိုင်းအရှိန်ကြောင့် ပြိုကျ ပျက်စီးခဲ့သည့် ကော့သောင်းမြို့ပေါ် ရပ်ကွက် များ မှ ပြည်သူတို့၏ အိုးအိမ်တချို့ အခြေအနေများ အား အမြန်ဆုံးပြန်လည်တည်ဆောက်နိုင် ရေး ခရိုင်/မြို့နယ် မှ တာဝန် ရှိအဖွဲ့အစည်း များ နှင့် ပေါင်းစပ်ညှိနိုင်း လမ်းညွှန် ပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့ အနေဖြင့် ၍ လိုအပ်သည့် ကူညီပံ့ပိုးမှု များ ပေးခဲ့ကြောင်းသတင်းရရှိသည်။
သတင်းရေးသားပေးပို့သူ ကျော်စိုး (ကော့သောင်း)