Showing posts with label KAWTHAUNG NEWS. Show all posts
Showing posts with label KAWTHAUNG NEWS. Show all posts

Sunday, August 24, 2014

ကော့သောင်းမြို့နယ်တွင် (ECSTASY)ဆေးပြား ၂ ဒဿသ၃၈၅ သန်း ဖမ်းဆီးရမိ



သြဂုတ် ၁၉ ရက်နေ့ ၁၅၄၀ အချိန် တပ်မတော်စစ်ရေယာဉ်တစ်စီးမှ ကော့သောင်းမြို့နယ်၊ အနောက်မြောက်ဘက်မိုင်(၁၈၂)မိုင်ခန့်အကွာတွင် တွေ့ရှိသည့် အောင်လင်းထွန်း အမည်ပါ စက်လှေပေါ်မှ တရားမ၀င်သစ်တန်ချိန် ၇၀ ခန့်အား စက်လှေပေါ်တွင်ပါလာသူ အမျိုးသား ၁၅ ဦးနှင့်အတူ ဖမ်းဆီးရမိခဲ့သည်။
၎င်းစက်လှေအား ဆက်လက်ရှာဖွေရာ စတိုခန်းအတွင်း မီးသွေးအိတ်များဖြင့် ဖုံးအုပ်ထားသော စက္ကူကတ္တူပုံးအတွင်းမှ အထုပ်ငယ်များဖြင့် ထုပ်ထားသည့် √ အမှတ်တံဆိပ်နှင့် RN အမှတ်တံဆိပ်ပါ အက်စ်တက်စီ ဆေးပြား ၂ ဒဿမ ၃၈၅ သန်း(ဒေသတန်ဘိုးငွေကျပ် ၁၆၆,၉၅၀ သန်း)တို့အား ထပ်မံသိမ်းဆည်းရမိခဲ့သည်။
အဆိုပါ ဖမ်းဆီးရမိသော သစ်ခိုးလှေနှင့် သစ်များ၊ မူးယစ်ဆေးဝါးများနှင့် တရာခံများအား ကော့သောင်းရဲစခန်းသို့ အပ်နှံထားရှိပြီး တရားခံ(၁၅)ဦးအပေါ် မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သတင်းရရှိသည်။

သစ်များအားမော်လမြိုင်သစ်စက်မှတင်လာကြောင်းစစ်ဆေးတွေ့ရှိသော်လည်းမူးယစ်ဆေးဝါးပိုင်ရှင်နှင့်
ထုတ်လုပ်သည့်စက်ရုံရှိနေရာအားမသိရှိသေးပါကြောင်းသတင်းရရှိသည်။

Sunday, August 10, 2014

၉.၈.၂၀၁၄ ရက်နေ့ နံနက်ပိုင်း ၁ နာရီ အချိန်ခန့်တွင် ဘုရင့်နောင်ရပ်ကွက် ပန်းချယ်ရီကာရာအိုကေဆိုင်အား ရဲတပ်ဖွဲ့ဝင်များ ၀င်ရောက်ဖမ်းဆီးးးးးးးးးး

၉.၈.၂၀၁၄ ရက်နေ့ နံနက်ပိုင်း ၁ နာရီ အချိန်ခန့်တွင် ဘုရင့်နောင်ရပ်ကွက် ပန်းချယ်ရီကာရာအိုကေဆိုင်အား ရဲတပ်ဖွဲ့ဝင်များ ၀င်ရောက်ဖမ်းဆီးထားသော်လည်း
၁၀.၈.၂၀၁၄ ရက်နေ့တွင်ပန်ချယ်ရီကာရာအိုကေဆိုင်းပုံမှန်အတိုင်းပြန်လည်ဖွင့်လှစ်နေ
နှီးစပ်သည့်အသိုင်းအ၀ိုင်းအားမေးမြန်းခဲ့ရာခံဝန်ရေးထိုးစေလွပ်ထားရှိကြောင်း
ရပ်ကွက်အုပ်ချုပ်ရေးမှူးမှ အရေးယူခြင်း မြို့နယ်အုပ်ချုပ်ရေးမှူးမှ ဒေသန္တရအမိန်
ထုပ်ဆင့်ထားရှိမှသာအရေးယူနိုင်မည်ဖြစ်ကြောင်းကြားသိရ
ရန်ကုန်/မန္တလေးများတွင် မြို့နယ်အုပ်ချုပ်ရေးမှူးမှ ဒေသန္တရအမိန့်ထုပ်ဆင့်ထားရှိသဖြင့် ချက်ခြင်းရေးယူဆောင်ရွက်ခြင်းများရှိကြောင်း။

Friday, August 1, 2014

ထောင်ပြောင်းပြီ


၂၅၊၇၊၂၀၁၄ ရက်နေ့ ၁၀၀၀ အချိန် တွင်ထွက်ခွါသွားသည့် တောင်ကြီးသင်္ဘော ဖြင့် ကော့သောင်းအကျဉ်းထောင်မှလူသတ် မှု၊ မူးယစ်ဆေးဝါးမှု၊ ခိုးမှု၊ မုဒိမ်းမှု အပါအ၀င် အခြားသောအမှုများဖြင့် ပြစ်ဒဏ်ကျခံနေရ သော အကျဉ်းသား ၉၄ဦးအားမြိတ်အကျဉ်း
ထောင်သို့ပြောင်းရွေ့----းးးးးးးး
သုခမိန် သုခမိန် သုခမိန်'s photo.
သုခမိန် သုခမိန် သုခမိန်'s photo.

သုခမိန် သုခမိန် သုခမိန်
သုခမိန် သုခမိန် သုခမိန်'s photo.

ကော့သောင်းမြို့ သမိုင်းအကျဉ်း (ဖတ်မိသလောက်)


ကော့သောင်းမြို့နယ်သည် အတိတ် ကာလကမြိတ်ခရိုင်အုပ်ချုပ်ရေးအောက်တွင်တည်ရှိခဲ့ပြီး ၁၇၅၀ ခုနှစ်ဝန်းကျင်တွင် မြန်မာပိုင်နယ်မြေဖြစ်လိုက်၊ ယိုးဒယားပိုင် နယ်မြေဖြစ်လိုက်နှင့်တည်ရှိခဲ့ရာမှ ၁၇၅၉ ခုနှစ် တွင်အလောင်းဘုရားဦးဆောင်သည့် မြန်မာစစ်တပ်များမှသိမ်းပိုက်ခဲ့ပြီး (၆၅)နှစ် တိုင်တိုင်ကွပ်ကဲအုပ်ချုပ်ခဲ့ပါသည်။
၁၈၆၅ ခုနှစ်တွင် မလေးရှာ မာလာယု ကျွန်စွယ်သားများဖြစ်သည့် မသျှူးလူမျိုး “နာဟူဒါအာမတ်”ဦးဆောင်သော(၁၃)ဦးပါဆွေမျိုးများသည်မလေးရှားမှရွက်လှေဖြင့်
ပင်လယ်ရေကြောင်းမြစ်ရိုးများတစ်လျှောက်(စတီခွံ၊ ကနုကမာ၊ မုတ်ခွံ၊ ပုလဲ)ရှာဖွေရန်
ထွက်ခွါလာရာမှခရီးကျွံလာပြီးပါချန်မြစ်ဝသို့ဆိုက်ရောက်ခဲ့ကာမြစ်ဖျားတွင်ရွာရှိကြောင်းသိရသဖြင့်မလိဝမ်းကျေးရွာသို့ဝင်ရောက်ခဲ့ပြီးအပြန်လမ်းခရီးတွင်ပသျှူးလူမျိုးအချို့
ဝမ်းရောဂါဖြစ်ပွါးပြီးပါချန်မြစ်ဝ(ယခုရှင်ကြီးမော်အနီး)တွင်စခန်းချနေထိုင်ခဲ့ကြပါသည်
ဘ၀ါးကျွန်းနှင့် သောင်ရင်ကျွန်း(မြွှေကျွန်း) တို့အားအမှတ်သညှာပြုလျှက်ကျွန်းနှစ်လုံး ဟုအဓိပါယ်ရသော ပသျှူးဘာသာဖြ င့် “ပုလိုဒူးဝါး”( ပူလိ=ကျွန်း၊ ဒူးဝါး= နှစ်) ဟုခေါ်စ မှတ်ပြုခဲ့ကြပါသည်။
၁၈၆၅ နောက်ပိုင်းတွင် ပသျှူးတို့အမှတ် သညှာပြုခဲ့သည့်ကျွန်းနှစ်လုံဟုအစိပါယ် ရသောယိုးဒယားဘာသာစကားဖြင့်“ ကော့စွန်း”(ကော့=ကျွန်း၊ စွန်း=နှစ် )ဟု ခ်ါစမှတ်ပြုခဲ့ရာမှ ကော့သောင်းဟု ယနေ့တိုင် ခေါ်ဆိုခဲ့ကြပါသည်။
- ၁၉၀၀-၁၉၁၁ ကော့သောင်းပထမဆုံးသူကြီး မူဆာဂျီ (ပသျှူးလူမျိုး)
- ၁၉၁၂-၁၉၁၈ ဘဲအူမား( လူမျိုးမသိ)
- ၁၉၁၉-၁၉၂၂ ဦးပြန် (မြန်မာ)
- ၁၉၂၂-၁၉၄၂ ဦးဘဲမတ်(မြန်မာ/မွတ်စလင်)
- ၁၉၀၈-၁၉၀၉ ခုနှစ်လောက်တွင် မြန်မာပြည်၏ ဒုတိယအကြီးဆုံးကြိုးမဲ့ကြေးနန်း . ဆက်သွယ်ရေးစခန်းအဖြစ်လည်ကောင်း
- ၁၉၂၀ ပြည့်နှစ် ၂၄မိုင်အရှည် ကော့သောင်း-မလိဝမ်းကားလမ်းစတင်ဖောက်လုပ်
- ၁၉၃၀ ပြည့်နှစ်တွင် မလိဝမ်းရာဘာခြံအား အင်္ဂလိပ်ကုမ္မဏီမှ စတင်တည်ထောင်
- ၁၉၆၂ စစ်ပြီးကာလ ဦးဂျာဖွါး(မြန်မာ/မွတ်စလင်)
- ၁၉၆၂ ခုနှစ်နောက်ပိုင်း နယ်ပိုင်ဝန်ထောက်များအဖြစ် ဦးမိုးမြင့်၊ ဦးတက်တိုး၊ဦးခင်စိန်၊ ဦးသိန်းသန်း၊ ဦးငွေညွန့်၊ ဦးအုန်းသန်း၊ ဦးကြည်၊ ဦးသာထင်၊ ဦးလှတင်
တို့မှ အသီးအုပ်ချုပ်ခဲ့ကြပါသည်။
- ၁၉၇၂ ခုနှစ်တွင် ရွှေဟင်္သာ၊ အဏ္ဏ၀ါ၊ ဘုရင့်နောင်၊ အောင်သုခ၊ပိတောက်ရွှေဝါ ရပ်ကွက် (၅)ရပ်ကွက်ကျေးရွာအုပ်စု (၁၆)အုပ်စုစတင်ဖွဲ့
- ၁၉၉၈ ခုနှစ်မြို့မရပ်ကွက် ၁၀ ရပ်ကွက် ကျေးရွာအုပ်စု ၁၈ အုပ်စုဖွဲ့စည်းခဲ့။

သူဌေးကျွန်းရှင်းတန်း


Pa Loat's photo.Pa Loat's photo.
Pa Loat's photo.
မိုင်ကျေးရွာအနီးကျောက်ခွဲစက်တည်ဆောက်ရာတွင် သိမ်းဆည်းခံရသော ဥယျာဉ်ခြံရှင်များ၊ ကျောက်ထုပ်စခန်းမှ လုပ်အားခအပြည့်အ၀မရရှိသည့် အလုပ်သမှားများမှ ၈၈ အဖွဲ့အားအကူအညီတောင်ခံပြီးသတင်းမီဒီယာများ အခြားပါတီအားဖိတ်ကြားပြီး သတင်းစာရှင်လင်းပွဲပြုလုပ်ခဲ့းးးးးးးးးးးးးးးးးးးးးဆိုစေကာမှု သူဌေးကျွန်းမန်နေဂျာမှ လစာအပြည့်အ၀ထုပ်ပေးထားရှိကြောင်းထုပ်ခံရသည့်အလုပ်သမား ၄ ဦးအတွက်အလုပ်ရှင်အလုပ်သမား စည်းမျဉ်းစည်းကမ်းအရ ၅ လစာသာပေးအပ်ရမည်ဖြစ်သော်လည်း ၆ လစာအထိတိုးမြင့်ထုပ်ပေးမည်ဖြစ်ကြောင်း အချိန်မရွေး လာရောက်ထူပ်ယူနိုင်ကြောင်း ကျောက်ထုပ်စခန်းမှ ဥယျာဉ်ခြံမြေများတွင်လည်း စာချုပ်စာတမ်း များ အပြည့်အစုံရှိကြောင်း အခိုင်အမာပြောဆိုလျှက်ရှိးးးးးးးးးးးး    သုခမိန် သုခမိန် သုခမိန်

ပုလုံးတုံးတုံးတံတား


အထင်ကရနေရာတွေထဲကတစ်ခုဖြစ်တဲ့ ကော့သောင်းမြို့ရဲ့ ဂုဏ်ကျက်သရေဆောင် ထားတဲ့တံတားပါ တံတားပေါ်ကိုရောက်ရင် ဘေးပတ်ဝန်းကျင်က ရှူ့ခင်းတွေကြည့်ပြီး စိတ်ကို ကြည်လင်လန်းဆန်းစေပါတယ်းးးးးးးးးးးးးးးးးးးးးးးးးးးးးး
တိုင်းဒေသကြီး ၀န်ကြီးချုပ်က တံတားအတွက်သိန်း ၁၀၀၀ိ ချပေးထားတယ်လို့ ကြားသိရလို့ ၀မ်သာမိပါတယ်
ဒါပေမဲ့းးးးးးးးးးးးးးးးးးးးးးးးးးးးးးcreated  သုခမိန် သုခမိန် သုခမိန်

အေး ရိပ် ငြိမ် အထက တကယ်အဲ့လိုကြီးလာ .... ?


အေး ရိပ် ငြိမ် အထက က တော့ ပြောလေ ဆိုးလေ၊ မန်းလေပြဲ လေ ဖြစ်နေပြီ ၊
အတောင်းအရမ်းကတော့ ဒမြ တိုက် သလိုဘဲ ဆရာမ ဒေါ်တင်တင်ခိုင် က ဆရာမ ၂ ယောက် ခရီးသွား ဘို့ စရိတ် တဲ့ တယောက် ၃၀၀ကျပ် ပေးရမယ် တဲ့ ၊ ကျောင်းအုပ်ကြီး ကတောင်းခိုင်း တာလို့ ပြောတယ်။
ခရီးစရိတ် TADA အစိုးရ နဲ့ ဘဲ ဆိုင်တယ်လေ ပညာရေးမှူး တို့ အခြေခံပညာဦးစီး ဌာန တို့ မှာ တောင်း ပါလား
ခလေးတွေဆီမှာ ဘဲလာလာဒမြတိုက် နေတယ် ။
ကုလသမဂ္ဂ ကို တိုင်မှဖြစ် တော့မယ်ထင်တယ်။

ကော့သောင်းအကျဉ်းထောင်သို့ထိုင်း ကောင်စစ်ဝန် ထိုင်းနိုင်ငံသား အကျဉ်းသားများအားလာရောက်တွေ့ဆုံ


၂၉.၇.၂၀၁၄ ရက်နေ့တွင် မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံ ဒုတိယကောင်စစ်ဝန် Mrs Pornpun Pupigjai သည် ကော့သောင်းအကျဉ်းထောင်တွင် သစ်တော/လက် နက် / လ၀က/မူးယစ် မှုများဖြင့် ထောင်ဒဏ် ၂၈ နှစ် ၆လ ကျခံနေရာသူ ထိုင်းနိုင်ငံသား
ထန်ပွေ့ ၊ ထောင်ဒဏ် ၁၈ နှစ် ၆ လကျခံနေရသူ ထိုင်းနိုင်ငံသူ မကလက်ယာမြန်မာနိုင်ငံ
အားလက်နိုင်ကိုင်ဆောင်ပုန်ကန်မှုဖြင့်တရားရုံးစစ်ဆေးဆဲတရားခံ(ဟံသာဝတီပြန်လည်
ထူထောင်ရေး မွန်ခွဲထွက်အဖွဲ့မှ ဗိုလ်မှူးအဆင့်ရှိဝိထိုး)အားလာရောက်တွေ့ဆုံအားပေးစ
ကားများပြောကြားခဲ့းးးးးးးးးးးးးးးးးးး
တရားခံထံပွေ နှင့်မကလက်ယာလွန်ခဲ့သော၂၀၁၂ခုနှစ်ကခမောက်ကြီးမြို့နယ်ခွဲ
မာရမ်းကျေးရွာအပိုင် နန်မတွန်ဒေသတွင် ၀င်ရောက်ကျူးကျော်ပြီး ရာဘာများစိုက် ပျိုး ရာမှ မြန်မာစစ်တပ်မှဝင်ရောက်ဖမ်းဆီးစဉ်လက်နက်များ၊မူးယစ်ဆေးဝါးများ၊စက်ယန္တရာများနှင့်အတူထိုင်းနိုင်ငံသား၉၂ ယောက်ဖမ်းဆီးရမိရာမှတရားရုံးအမိန့်ချမှတ်ရာတွင်ကြန့်
ကြာနေသဖြင့်သဖြင့် ကောင်စစ်ဝန်မှ နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှုအရလွပ်ငြိမ်းချမ်းသာခွင့်
တောင်းဆိုရာတွင် လွပ်ငြိမ်းခွင့်ပေးရာ၌ကျန်နေခဲ့သူနှစ်ဦးဖြစ်ပါသည်။
ဖမ်းဆီးခံရသည့် ထိုင်းနိုင်ငံသားများသည် အောက်ခြေအဆင့် လူတန်းစားများ
ဖြစ်သော်ထိုင်းအစိုးရသည်၎င်းတို့နိုင်ငံသားများအခြားနိုင်ငံများတွင်အကြောင်းအမျိုးမျိုး
ကြောင့်ဖမ်းဆီးခံရပါက လွပ်မြောက်နိုင်ရေး အမြဲကြိုးစားပေးလျှက်ရှိကြောင်းမြင်တွေ့နေရ
သဖြင့်းးးးးးးးးးးးးးးးးးးးးးးးးးးးး
မြန်မာအစိုးအနေဖြင့်နိုင်ငံအသီးသီးတွင်ဒုက္ခရောက်နေသော မြန်မာများအား
မည်သို့းးးးးးးးးးးးးးးးးးးးးးး

Thursday, July 17, 2014

တော်တော်ဆိုးသလား ကော့သောင်း လူကုန်တား

စိတ်မကောင်းဖြစ်မိတယ် 
တော်တော်ဆိုးသလား ကော့သောင်း လူကုန်တား
းးးးးးးး
ကျနော်လည်း စိတ်ညစ်လွန်းလို့ ပြဿနာနှင့် အကျွမ်းတဝင်
ခင်မင်စ-ပြု လာတယ် ။
ကိုယ့်ထမင်း ကိုယ်စား ကိုယ့်ဆီကိုယ်ထည့် သွားနေပေမယ့် ပြဿနာက
ကိုယ့်ဆီ ရောက်လာ မြင်လာ ကြားလာ ရတယ် ။
မပူတေးက မိန်းမတစ်ယောက် မျက်ရည်ပေါက်ပေါက်ကျပြိး
လင်လည်း ထောင်ထဲမှာ ။ ညီမ က သတင်းသွားတော့ ညီမ ပါ ဖမ်းထားသတဲ့ ။
ဥပဒေဆိုတာ ရှိတယ်လေ ။ အပြစ်ကျူးလွန် ပြစ်ဒဏ် ချမှတ်ရမှာပေါ့ ။
ဒါဟာ တရားမျှတ ပါတယ် ။ ခုတော့ အမှူ ဖြစ်တာနဲ့ မိဘ အမွေရသလို
ဝိုင်းပြိး ထိုးဆိတ် ကောက်ယူ တောင်းစားကြတာ သူတောင်းစားတောင်
အဖေ ခေါ်ရမယ့် သူတွေမျိုး ။ ရေးထားတာက =ကူညီပါရစေ =တဲ့
လင်က ဖမ်းထားတော့ အိမ်ကိုပေါင်ပြိး ရသမျှငွေကို လူကုန်တားမှ ဒုရဲအုပ်ဆိုသူ
အမှူစစ်အား ၂ သိန်း ။ ရဲစခန်းအမှူစစ်အား ၂ သိန်း ။ စခန်းမှူးအား ၁ သိန်း ။
ရှေ့နေငှားပါဆိုလို့ လူကုန်တား ညွှန်ကြားချက်အရ ဒေါ်မာလာမြိုင်အား ၆ သိန်း ။
အစိုးရ ရှေ့နေ ။ တရားသူကြိး အတွက် ပိုက်ဆံ ထားတဲ့ ဗျာ ။ ရက်စက်တယ်ဗျာ ။
မျက်ရည်စက် အပေါ်မှာ စားရက်တဲ့ သူတော်ကောင်းများကို အားကျရမလား ။
ကျနော် တို့ဘဲ နွားကျသလား မပြောတတ် ။ ကြားရတာတော့ စိတ်ညစ်ရတာ
အမှန်ပါ ။ ကြည့်လည်းလုပ်ကြပါ ။ ကြည့်လည်းစားကြပါ ။ အခြေအနေ အချိန်အခါ
ပြောင်းလဲနေတဲ့အချိန်မှာ စားပေါက် စားကိန်း စားဟန်ကလေးတော့ ညီစေချင်
ပါတယ် ။ ရသမျှ စား ။ ရသလောက် တောင်း ။ မြင်သမျှ ယူ ။ မြင်သမျှ တောင်း ။
သူများ မျက်ရည်ကျမှ စားတတ် သောက်တတ် တောင်းတတ် ယူတတ် လုပ်တတ် ။
===
သံ ဘယ်လောက် မာမာ မီးထိရင် အရည်ပျော်သတဲ့ ။ ပန်းပဲ ဆရာများက သံ များ
ကို ပူရင် လိုသလို ပုံသွင်းရယူ လွယ်သလို
လူတွေလည်း ပူလာရင် ထုလို့ရတယ်လို့ သဘောပေါက်နေရင်တော့ ကိုရွှေရဲ များ
မကြာခင် မျှော် ကြည့်လိုက်ပါ ။ ဝဋ် ဆိုတာ လည်တတ်ပါတယ် ။ ရဲ လည်း ထောင်
ကျတတ်သလို ပြည်သူလည်းထောင်ကျတတ်တယ် ။ ဝဋ် မလိုက်စေချင်ပါဘူး ။
ဗုမ္ဓဘာသာဆိုတာ ကိုယ်ပြုတဲ့ကံ ကိုယ်ပြန်ခံရတတ်တယ်ဆိုတဲ့ ကံ ကံ၏ အကျိုး
ကို နားလည်ကြပါစေ ။
အပြု သဘောဖြင့်
KT Glass

Friday, July 11, 2014

မုန်တိုင်းခံမိသားစု (၁၀)စုအားထောက်ပံ့ပေးပွဲ

(10.7.2014) ဒီနေ့ နံနက်ပိုင်း က တိုင်းဒေသကြီးအစိုးရအဖွဲ့ က ကော့သောင်း၊ အေးရိပ်ငြီမ်ရပ်ကွက် က (နီယိုဂူရီ) အ အရှိန် သင့်ခံလိုက်ရတဲ့ အိမ်ထောင်စု(၁၀) စု ကို ကျပ်သိန်း(၄၄.၈) သိန်း ဖိုးလောက်.....အကုန်ကျခံ .ထောက်ပံ့ ပေးခဲ့ကြတယ်..... ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဦးစီးဌာန က အိမ်သုံးပစ္စည်းနှင့် အ၀တ်အထည် တွေလည်း ထောက်ပံ့ကူညီခဲ့သေးတယ်.......မုဒိတာပွားနိုင်ဖို့ပါ.....

Thursday, July 10, 2014

ဝန်ကြီးချုပ် ဦးမြတ်ကို စူပါမုန်တိုင်း(နီယိုဂူရီ)အရှိန်ကြောင့် ကော့သောင်းမြို့တွင် ပျက်စီးမှုများအားလိုက်လံ ကြည့်ရှု။

တနင်္သာရီတိုင်းဒေသကြီး ၊ အစိုးရအဖွဲ့ ၊၀န်ကြီးချုပ် ဦးမြတ်ကို သည် အစိုးရအဖွဲ့ ၀င် တိုင်းဒေသကြီး၊ လူမှုရေးဝန် ကြီး နှင့် တာဝန်ရှိသူများ လိုက်ပါလျှက် စူပါမုန်တိုင်း(နီယိုဂူရီ)အရှိန်ကြောင့်
ကော့သောင်းမြို့တွင် ပျက်စီးမှု အခြေအနေ များအား ဇူလိုင် ၉ ရက် နေ့ မွန်းလွဲပိုင်း ကရောက်ရှိ ကြည့်ရှု စစ်ဆေးသည်။
ဝန်ကြီးချုပ်သည် စူပါမုန်တိုင်း( နီယိုဂူရီ) အရှိန်ကြောင့် ကော့သောင်းမြို့တွင် မိုးသည်းထန်စွာရွာသွန်း၍ တစ်နာရီမိုင်(၄၀)နှုန်းခန့် တောက်လျှောက် လေပြင်းတိုက် ခဲ့ရာ ဇူလိုင်(၈) ရက် ည (၉း၃၀)နာရီ က သစ်ပင်လဲကျ ဖိမိသဖြင့် ပြိုကျ ပျက်စီးခဲ့သည့် ဘုရင့်နောင်ရပ်ကွက် ၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး အုတ်ခံ နှစ်ထပ် အဆောက်ဦး အား ဇူလိုင် ၉ ရက် မွန်းလွဲ ပိုင်း က သွားရောက်ကြည့်ရှုစစ်ဆေး ပြီး တာဝန်ရှိသူများ အား ပိုမိုခိုင်ခန့် သည့် ရုံးအဆောက်အဦး အမြန်ဆုံးပြန်လည်ပြင်ဆင်ဆောက်လုပ်နိုင်ရေး လမ်းညွှန်မှာကြားပြီး ကူညီပံ့ပိုးမှု များ ဆောင်ရွက်ပေးသည်။
အလားတူ ၀န်ကြီးချုပ်သည် အဆိုပါ မုန်တိုင်းအရှိန်ကြောင့် ပြိုကျ ပျက်စီးခဲ့သည့် ကော့သောင်းမြို့ပေါ် ရပ်ကွက် များ မှ ပြည်သူတို့၏ အိုးအိမ်တချို့ အခြေအနေများ အား အမြန်ဆုံးပြန်လည်တည်ဆောက်နိုင် ရေး ခရိုင်/မြို့နယ် မှ တာဝန် ရှိအဖွဲ့အစည်း များ နှင့် ပေါင်းစပ်ညှိနိုင်း လမ်းညွှန် ပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့ အနေဖြင့် ၍ လိုအပ်သည့် ကူညီပံ့ပိုးမှု များ ပေးခဲ့ကြောင်းသတင်းရရှိသည်။
သတင်းရေးသားပေးပို့သူ ကျော်စိုး (ကော့သောင်း)

Wednesday, July 9, 2014

ဘုရင့်နောင်နှင့်အေးရိပ်ငြိမ်ရပ်ကွက်များတွင်လေပြင်းတိုက် အိမ်ပြိုမှုဖြစ်ပွါး။

၈ ရက်နေ့ညပိုင်း ၉ နာရီခန့်က တစ်နာရီ မိုင် ၄၀ နူန်း ၅မီနှစ်ခန့် လေပြင်းတိုက်ခတ်ခဲ့သဖြင့် ဘုရင့်နောင်ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးပေါ်သို့လဝကအိမ်ယာဝင်းအတွင်း ရှိ လုံးပတ် ၈ ပေ အမြင့်၄၀ပေခန့်ရှိ တောင်သဖန်းပင်ပြိုလဲကျသဖြင့်ရုံးအပေါ်ထပ်ပျက်ဆီးခြင်းအုပ်နံရံအက်ကွဲခြင်းရုံးရှေ့ရပ်ထားသော ဆိုင်ကယ် ၃ စီးပိမိခြင်များဖြစ်ပွါး။

အေးရိပ်ငြိမ်းရပ်ကွက် ရှိ  ဒေါ်တင်ယုယုလှိုင် အလယ်တန်း ပြအောင်ဘာကျေးရွာ၊ ကိုထိန်လင်း ထိုင်းတွင်အလုပ်လုပ်၏ ဝါးထရံ ကာ၏ ဓနိမို ပြင်ခင်း နေအိမ် ၂ လုံး ပြိုပြီး၊ ဦးစံကြွယ်။ဦးအောင်ကျော်။ ဦးမောင်သန်း။ ဦးစောလှိုင်။ ဦးမင်းအောင်။ ဦးမောင်မောင်အေး တို့ နေအိမ် ၆ လုံး အိမ်ခေါင်မိုးများ လန်ထွက်ခဲ့။
                                          သုခမိန် သုခမိန် သုခမိန်

Thursday, July 3, 2014

ပလက်ဖောင်းပေါ်မှာထားထားတဲ့ ဆိုင်ကယ်၊ဘေးတွဲ၊အမိုးအကာများသတိထား



ကော့သောင်းမြို့တွင်းနေထိုင်သော မိဘပြည်သူများခင်ဗျား..
ယခု ည၁၂ နာရီ ၃၀ မိနစ် အချိန်တွင်...လမ်းဘေးပလက်ဖောင်း...လမ်းပေါ်တွင် ညအိပ်ညနေရပ်နားထားသေား...ဆိုင်ကယ်...ဘေးတွဲ နှင့် ဈေးသည်များ ဈေးရောင်းချနေသည့်...ခုံများ..စာပွဲများ..ထီးများ..အမိုးအကာများ ကို ဘယ်နေ့ ဘယ်အချိန် ပြောင်းရွှေ့ပေးပါဟု...စာရွက်စာတမ်း တစုံတရာ မပါရှိဘဲ...မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ လူခြေတိတ်ချိန်တွင်...ကားဖြင့်လိုက်လံ သိမ်းစည်းနေပါသည်...
ကျနုပ်အမြင်...ထိုသို့ လမ်းဘေးပလက်ဖောင်း...လမ်းပေါ်တွင်ရှိသော အရာများသည် လမ်းလျှောက်သောသူနှင့်...မောင်းနှင်းနေသေား ဆိုင်ကယ်နှင့်ကားများကို အနှောက်အယှက် ပေးနိုင်သောလည်း...ကြိုတင်အသိပေး၍ မဖယ်ပေးသောသူများကိုသာ...ဤကဲ့သို့ပြုလုပ်သင့်ပါသည်...
ကြိုတင်သတိမပေးဘဲ ထို့ကဲ့သို့ လုပ်၍ရပါသလော...?
အဘယ်ကြောင့် ညအချိန် လူခြေသိပ်ချိန်တွင် ထိုကဲ့သို့ လိုက်လံ သိမ်းစီးပါသလော..?
ဒါမြန်မာနိုင်ငံရဲ့ မူဝဒါအသစ်လား...?
စည်ပင်ဆိုသည်မှာ လုပ်ခြင်သလို လုပ်ပိုင်ခွင့်ရှိသော ဌာန တခုလား...?..ကျနုပ်အဖြေရှာ၍မရပါ....😕
                                              Credit to  Kaung Myat Phyo


Monday, June 30, 2014

၂၀၁၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ထူးချွန်ကျောင်းသား/သူများအား ဂုဏ်ပြုဆုချီးမြှင့်


 

ကော့သောင်း ၊ ဇွန် ၃၀ ရက်
ကော့သောင်းမြို့နယ် ၊ အမှတ်(၂) အခြေခံပညာအထက်ကျောင်း မှ ၂၀၁၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ တွင်ထူးချွန် စွာအောင်မြင်ခဲ့ကြသည့် ကျောင်းသား/သူများအား ဂုဏ်ပြုဆုချီးမြှင့် ခြင်းအခမ်းအနားကို ဇွန် ၂၉ ရက် မွန်းလွဲ ၂ နာရီက အဆိုပါကျောင်း ခန်းမတွင်ပြုလုပ်ကျင်းပ ပြုလုပ်သည်။
ထူးချွန်ဆုချီးမြှင့်ပွဲ တွင် ကော့သောင်းတပ်နယ် ၊ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး ဇော်တင် က အဖွင့်မှာစကားပြောကြားသည်။
ထိုနောက် အမှတ်(၂) အခြေခံပညာအထက်ကျောင်း မှ ၂၀၁၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ တွင်ထူးချွန် စွာအောင်မြင်ခဲ့ကြသည့် ကျောင်းသား/သူများအား စစ်ဗျူဟာမှူး နှင့် နယ်မြေခံတပ်ရင်းများမှ တပ်ရင်းမှူးများ၊ မြို့နယ်ပညာရေးမှူး ၊ကျောင်းအကျိုးတော်ဆောင်အဖွဲ့များ က ဆုများအသီးသီးပေးအပ်ချီးမြှင့်ကြသည်။
ဆက်လက်၍ ထူးချွန်စွာအောင်မြင်နိုင်ရေး ခွင့်ရက်မယူ ပညာသင်ကြားပေးကြသည့်ဆရာ/ဆရာမ များ အား ကျောင်းအုပ်ချုပ်ရေးတာဝန်ခံ နှင့် တာဝန်ရှိသူများ၊ ကျောင်းအကျိုးတော်ဆောင်များ က ဂုဏ်ပြုဆုနှင့် ကျောင်းဝတ်စုံများ ပေးအပ်ချီးမြှင့် သည်။
တနင်္သာရီတိုင်းဒေသကြီး ၊ ကော့သောင်းခရိုင် အတွင်း မြို့နယ် မြို့နယ်ခွဲ များ ရှိ အခြေခံပညာ ကျောင်း များ မှ ၂၀၁၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ထူးချွန် အောင်မြင် မှုတွင် အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း မှ ကော့သောင်းတစ်ခရိုင်လုံးတွင် (၄)ဘာသာဂုဏ်ထူးရှင် တစ်ဦး ထူးချွန်စွာ ပေါ် ထွက်ခဲ့ခြင်းဖြစ်ကြောင်း သိရှိ ရသည်။
                                                Credit to  Мѓлл Нєѓл Кђдлт

Sunday, June 29, 2014

ဆိုင်ကယ်တိုက်ပြန်ပြီ


၂၈ ရက်နေ့ ညပိုင်း ၈ နာရီခန့်က အေးရိပ်ငြိမ်းရပ် ကွက် အမိမြေ ၁ လမ်း ကတ္တရာ လမ်းဘေးမြေနီလမ်း တွင် လမ်းလျှောက်လာသော ဦးနိုဘီအာမက် အား လင်းနိုင် အမိမြေ ၃ လမ်းနေသူ မောင်းနှင်လာသော ဝေ့ဖ်အိုင် ၁၁၀ မီးခိုးအနက် ရောင်ဆိုင်ကယ်မှ ၀င်ရောက် တိုက်မိခဲ့ သဖြင့် နှစ်ဦးလုံး ဒဏ်ရာများ ရရှိပြီး ကော့သောင်းဆေရုံသို့--
                                                          
                                                                Credit to သုခမိန်  သုခမိန် သုခမိန်

Saturday, June 28, 2014

ကော့သောင်းမြို့ အေးရိပ်ငြိမ်ရပ်ကွက်တွင် ဘိန်းစာမှုန့်များဖမ်းဆီးရမိ။

ကော့သောင်းမြို့တွင် ဘိန်းစာမှုန့် များဖမ်းဆီးရမိမှုဖြစ်စဉ်တစ်ခု ဇွန် ၁၉ ရက် ည ၇ နာရီ ကဖြစ်ပွားသည်။
ဖြစ်စဉ်မှာ ကော့သောင်းမြို့နယ် မူးယစ်ဆေးဝါးတားဆီးနှိမ်နှင်းရေး ရဲတပ်ဖွဲ့စု(၃၄) မှ ဒုရဲမှူးမြင့်ထွန်း ဦးစီးတပ်ဖွဲ့ဝင်များ သည် သက်သေများနှင့်အတူ ကော့သောင်းမြို့ ၊ အေးရိပ်ငြိမ်ရပ်ကွက် ၊ တော်ဝင်လမ်း (အညာကုန်း) ၊အိမ်အမှန် (--) နေ အောင်ကိုဦး ၏ နေအိမ်အား မူးယစ်ဆေးဝါးရောင်းဝယ်နေကြောင်းသတင်းအရ ၀င်ရောက်ရှာဖွေရာ နေအိမ်ညာဘက်ထောင့် အပြင်ဘက်နံရံနှင့် ကပ်လျှက် မြေကြီးအားတူး၍မြုပ်ထားသည့် အနက်ရောင် ပလတ်စတစ်ရေဇလားအတွင်းမှ အဖြူရောင်ကြွပ်ကြွပ်အိပ်ဖြင့်ထည့်လျှက် ပလပ်စတစ်အိတ်များဖြင့်ထုတ်ထား သည့် အလေးချိန်( ၁၀၀) ဂရမ်ပါ ဘိန်းစာမှုန့် (၅၀)ထုပ် နှင့် အလေးချိန်(၉၀)ဂရမ် ပါ ဘိန်းစာမှုန့် (၃၂)ထုပ် စုစုပေါင်းအလေးချိန်(ရ.၈၈) ကီလိုဂရမ်) ဒေသတန်ဖိုး (၁၁၈၂၀၀၀ိ/- ) အားတွေ့ရှိသိမ်းဆည်းရမိခြင်းဖြစ်သည်။
အဆိုပါ ဘိန်းစာမှုန့် များ သိမ်းဆည်းရမိသည့် အောင်ကိုဦး အား ကော့သောင်းမြို့ ရဲတပ်ဖွဲ့စခန်းမှ မယ(ပ)၂၄/၂၀၁၄၊ မူး/စိတ်ပုဒ်မ ၁၅/၁၉(က) /၂၁ ဖြင့် အမှုဖွင့် အရေးယူဆောင်ရွက်လျှက်ရှိကြောင်းသတင်းရရှိသည်။
                                                                                                          Iprd Kawthoung

Friday, June 27, 2014

ရနောင်းခရိုင်တွင် မြန်မာအလုပ်သမားတဦးထံမှ ရာဘ ၄ သောင်း ဖမ်းမိ



Wednesday, 25 June 2014





ထိုင်းနိုင်ငံတောင်ပိုင်း ရနောင်းခရိုင် ပတ်
နမ့်မြို့နယ်ထဲမှာရှိတဲ့ ဆရနီးကျွန်း ရေပြင်
စစ်ဆေးရေးဂိတ်မှာ မြန်မာအလုပ်သမား
တဦးဆီက စုစုပေါင်း ရာဘအလုံးရေ ၎
သောင်းပါ အထုပ် ၂၀ ထုပ်နဲ့ အိုက်စ်ရေခဲ
မူးယစ်ဆေး အလေးချိန် ၀ ဒသမ ၁၃ ဂရမ် ဖမ်းဆီးရမိတယ်လို့ မန်နေဂျာအွန်လိုင်း ထိုင်းသတင်း မှာ ဖော်ပြပါတယ်။

မြန်မာနိုင်ငံ ကော့သောင်းဘက်ကနေ ၀င်လာတဲ့ စင်းလုံးငှားလှေတစီးကို ရေတပ် အာဏာပိုင်ရဲတွေက မင်္သကာလို့ စစ်ဆေးရာမှာ အသက် ၃၁ နှစ်ရှိ မြန်မာနိုင်ငံသား 


ဆိုင်ကယ်သူခိုးအားဘိန်းစာမှုန့်များနှင့်အတူဖမ်းဆီးရမိ


ကော့သောင်းမြို့ ပိတောက်ရွှေဝါရပ်ကွက် ရွှေမင်း ၀ံ ၈ လမ်း ဦးလှဦး(၅)ခန်းတွဲတန်းလျှား အခန် ၂ နေ သီဟစိုး နေအိမ်အား နယ်ထိန်းခေါင်းဆောင် ဒုရဲအုပ် အောင်ဇော်မင်းထွန်း နှင့်အဖွဲ့မှ သက်သေများ နှင့်အတူ ရှောင်တခင်ဝင်ရောက်စစ်ဆေးရှာဖွေရာ ဘိန်းစာမှုန့် ၅၀ ဂရမ်၊ ဖျော်စပ်ထားသော ဘိန်းစာမှုန့် ၁၀၀ မီလီ လီတာ သိမ်းဆည်းရမိပြီး လွန်ခဲ့သော ၃ ရက်ခန့်က အဏ္ဏ၀ါရပ်ကွက် စံပယ်လမ်းသွယ်မှ ပျောက်ဆုံးခဲ့သော wave i 125 ကြက်သွေးရောင် ဆိုင်ကယ်၊လွန်ခဲ့ သော ၅ ရက်ခန့်က ဘုရင်နောင်ရပ်ကွက် မြကန်သာ လမ်းမှ ပျောက်ဆုံးခဲ့သောwave I အပြာရောင်ဆိုင် ကယ်နှင့် လွန်ခဲ့သော ၂၀ ရက်ကျော်က အောင်သုခ ရပ်ကွက် ကြေးနန်ဝင်း ကမ်သာယာလမ်းမှပျောက်ဆုံး ခဲ့သော Dream 125 ကျောက်စိမ်းရောင်ဆိုင်ကယ် တို့အား သိမ်းဆည်းရမိ သဖြင့်ကော့သောင်းစခန်းတွင် မူးယစ်ဆေးဝါးမှု၊ ဆိုင်ကယ်ခိုးမှု 

၎ မိုင် တွင်ဓါးခုတ်မှု ဖြစ်ပွါး

၎မိုင် လူကယ်ပြန်ရုံးအနီး ဓါးခုတ်မှုဖြစ်ပွါး
အောင်သုခရပ်ကွက် စွယ်တော်လမ်းနေ တူးနိုင် သည် ၂၆၊၆၊၂၀၁၄ ရက်နေ့ ညပိုင်း ၁၀၀၀ နာရီခန့်က ပုလုံးတုံးတုံးမှ အပြန်တွင် အမည်မသိ လူငယ် ၂ဦးမှ ဆိုင်ကယ်အားတားပြီး ဒုတိဖြင်ရိုက်ကာ ဓါးဖြင့်ခုတ်သ ဖြင့် ဦးခေါင်းနှင့် လက်တို့တွင် ဒဏ်ရာများရှိခဲ့ပြီး ထွက် ပြေးခဲ့စဉ် လူကယ်ပြန်ရုံးအကျော်တွင်လဲကျသတိ မေ့မြောနေပြီး နံနက်ပိုင်းနွားကျောင်းသည့်လူတစ်ဦးမှ တွေ့ရှိဆေးရုံပို့အပ်ခဲ့ကြောင်း