Thursday, July 3, 2014

ပလက်ဖောင်းပေါ်မှာထားထားတဲ့ ဆိုင်ကယ်၊ဘေးတွဲ၊အမိုးအကာများသတိထား



ကော့သောင်းမြို့တွင်းနေထိုင်သော မိဘပြည်သူများခင်ဗျား..
ယခု ည၁၂ နာရီ ၃၀ မိနစ် အချိန်တွင်...လမ်းဘေးပလက်ဖောင်း...လမ်းပေါ်တွင် ညအိပ်ညနေရပ်နားထားသေား...ဆိုင်ကယ်...ဘေးတွဲ နှင့် ဈေးသည်များ ဈေးရောင်းချနေသည့်...ခုံများ..စာပွဲများ..ထီးများ..အမိုးအကာများ ကို ဘယ်နေ့ ဘယ်အချိန် ပြောင်းရွှေ့ပေးပါဟု...စာရွက်စာတမ်း တစုံတရာ မပါရှိဘဲ...မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ လူခြေတိတ်ချိန်တွင်...ကားဖြင့်လိုက်လံ သိမ်းစည်းနေပါသည်...
ကျနုပ်အမြင်...ထိုသို့ လမ်းဘေးပလက်ဖောင်း...လမ်းပေါ်တွင်ရှိသော အရာများသည် လမ်းလျှောက်သောသူနှင့်...မောင်းနှင်းနေသေား ဆိုင်ကယ်နှင့်ကားများကို အနှောက်အယှက် ပေးနိုင်သောလည်း...ကြိုတင်အသိပေး၍ မဖယ်ပေးသောသူများကိုသာ...ဤကဲ့သို့ပြုလုပ်သင့်ပါသည်...
ကြိုတင်သတိမပေးဘဲ ထို့ကဲ့သို့ လုပ်၍ရပါသလော...?
အဘယ်ကြောင့် ညအချိန် လူခြေသိပ်ချိန်တွင် ထိုကဲ့သို့ လိုက်လံ သိမ်းစီးပါသလော..?
ဒါမြန်မာနိုင်ငံရဲ့ မူဝဒါအသစ်လား...?
စည်ပင်ဆိုသည်မှာ လုပ်ခြင်သလို လုပ်ပိုင်ခွင့်ရှိသော ဌာန တခုလား...?..ကျနုပ်အဖြေရှာ၍မရပါ....😕
                                              Credit to  Kaung Myat Phyo


No comments:

Post a Comment