Huawei ဖုန်းတွေကို Network Unlock လုပ်ချင်ရင် ပုံမှန်အားဖြင့်ကျွန်တော်တို့အတွက် Huawei Website ကနေ Network Unlock code တောင်းရပါတယ် ရလာတဲ့ကုဒ်ကို အသုံးပြုပြိးဖုန်းကို Network Unlock လုပ်ရပါတယ်။ နောက်ပိုင်းမှာ အလွယ်နည်းလမ်းအနေနဲ့ Network Unlock ဖြစ်ပြီးသား ဖုန်းထဲက Oem ဖိုင်ကို backup ထုတ်ပြီး oemဖိုင်ကို Network Unlock လုပ်ချင်တဲ့ မော်ဒယ်တူဖုန်းထဲကို ပြန်ပြီး flash/restore လုပ်တဲ့နည်းလမ်းကိုလည်းအသုံးပြုလာကြပါတယ်ဗျာ။
ဒါပေမယ့် ဒီနည်းလမ်းက side effect အနေနဲ့အခြားဆိုးကျိုးအနည်းငယ်ရှိတာကြောင့် နောက်ပိုင်းမှာ အရင်နည်းလမ်းကိုပဲပြန်လည်အသုံးပြု၍ Network Unlock လုပ်လာကြတာကိုတွေ့ရပါတယ်။ အခုတင်ပြပေးမယ့်နည်းလမ်းကတော့ Huawei Website ကနေကုဒ်မတောင်းဘဲ Official ပုံစံဖြင့် Network Unlock လုပ်နည်းဖြစ်ပါတယ်။ ။ ဒီနည်းလမ်းက အပေါ်မှာတုန်းကပြောခဲ့တဲ့အလွယ်နည်းလမ်းနဲ့ခပ်ဆင်ဆင်တူပါတယ်။ ယခုပြောမယ့်နည်းလမ်းကို ဖုန်းနဲ့ပတ်သက်ပြီးအတွေ့အကြုံများများရှိတဲ့ Advance Users Level တွေသာစမ်းသပ်ကြဖို့အကြံပြုလိုပါတယ်။
အရင်ဆုံးလိုအပ်တဲ့ Tool ဖြစ်တဲ့ Huawei Hacker Toolkit ကိုရယူပါ။
