Showing posts with label Music and Video Download v2.3 APK. Show all posts
Showing posts with label Music and Video Download v2.3 APK. Show all posts

Tuesday, August 12, 2014

♪ သီချင်းနှင့်ဗီဒီယိုကြိုက်သူများအတွက် - Music and Video Download v2.3 APK (Only 462KB) ♫

အခု Post ကိုကျေးဇူးပြုပြီး သေချာလေး ဖတ်ပေးပါ။ တကယ်ကောင်းလို့ အမှန်အကန်ညွှန်းပြီးတင်ပေးလိုက် တာပါ။ သီချင်းနှင့် ဗီဒီယိုကြိုက်နှစ်သက်သော သူငယ်ချင်းများအတွက် မိမိလိုချင်သော သီချင်းနှင့်ဗီဒီယို ဖိုင်များကို ရှာဖွေဒေါင်းယူနိုင်တဲ့ Application လေးတစ်ခုတင်ပေးလိုက်ပါတယ်ဗျာ။ ပုံမှာမြင်ရတဲ့ အတိုင်း မြန်မာသီချင်း များ နှင့် English သီချင်းများကိုပါ စိတ်ကြိုက်ရှာဖွေနိုင်မှာဖြစ်ပါတယ်။ မြန်မာလို ရိုက်ပြီးလည်းရှာနိုင်ပါတယ်။ အဆိုတော်နာမည်နဲ့ရှာဖွေနိုင်သလို သီချင်းနာမည်ရိုက်ပြီးလည်း ရှာဖွေနိုင် မှာဖြစ်ပါတယ်ဗျာ။ မိမိလိုချင်တဲ့ သီချင်းကို ရှာလို့တွေပြီဆိုရင်တော့ အောက်ကပုံမှာပြထားတဲအတိုင်း Save ကိုနှိပ်ပြီးဒေါင်းယူနိုင်မှာဖြစ်ပါ တယ်ဗျာ။ Facebook ပေါ်သို့လည်း မိမိ Share လိုတဲ့ သီချင်းများကို တိုက်ရိုက် လှမ်းတင်နိုင်မှာဖြစ်ပါတယ်။ အသုံးပြုရလွယ်ကူတဲ့ Application လေးတစ်ခုဖြစ်တဲ့အတွက် လူတိုင်းအတွက် အဆင်ပြေမှာပါ။ App ရဲ့ File Size ကလည်း 462kb သာရှိတဲ့အတွက် ပုစိညှောက်တောက်လေးပါ။ သီချင်းများကို Video File အနေနဲ့ရော MP3 အနေနဲ့ပါ ရွေးချယ်ဒေါင်းယူနိုင်မှာဖြစ်ပါ တယ်ဗျာ။ တစ်ခုပဲသိစေချင်တာက အင်တာနက်ကွန်နရှင် ကျနေချိန်မှာဒေါင်းရင်တော့ မရပါဘူး။ သာမန် အင်တာနက် ကွန်နရှင် ရှိရုံနဲ့ရှာဖွေဒေါင်းယူနိုင်မှာဖြစ်ပါတယ်။ နမူနာအနေနဲ့ အောက်မှာ Screen Shot တွေရိုက်ပြထား ပါတယ်ဗျာ။