Showing posts with label ထူးချွန်ကျောင်းသား/သူများအား ဂုဏ်ပြုဆုချီးမြှင့်. Show all posts
Showing posts with label ထူးချွန်ကျောင်းသား/သူများအား ဂုဏ်ပြုဆုချီးမြှင့်. Show all posts

Monday, June 30, 2014

၂၀၁၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ထူးချွန်ကျောင်းသား/သူများအား ဂုဏ်ပြုဆုချီးမြှင့်


 

ကော့သောင်း ၊ ဇွန် ၃၀ ရက်
ကော့သောင်းမြို့နယ် ၊ အမှတ်(၂) အခြေခံပညာအထက်ကျောင်း မှ ၂၀၁၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ တွင်ထူးချွန် စွာအောင်မြင်ခဲ့ကြသည့် ကျောင်းသား/သူများအား ဂုဏ်ပြုဆုချီးမြှင့် ခြင်းအခမ်းအနားကို ဇွန် ၂၉ ရက် မွန်းလွဲ ၂ နာရီက အဆိုပါကျောင်း ခန်းမတွင်ပြုလုပ်ကျင်းပ ပြုလုပ်သည်။
ထူးချွန်ဆုချီးမြှင့်ပွဲ တွင် ကော့သောင်းတပ်နယ် ၊ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး ဇော်တင် က အဖွင့်မှာစကားပြောကြားသည်။
ထိုနောက် အမှတ်(၂) အခြေခံပညာအထက်ကျောင်း မှ ၂၀၁၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ တွင်ထူးချွန် စွာအောင်မြင်ခဲ့ကြသည့် ကျောင်းသား/သူများအား စစ်ဗျူဟာမှူး နှင့် နယ်မြေခံတပ်ရင်းများမှ တပ်ရင်းမှူးများ၊ မြို့နယ်ပညာရေးမှူး ၊ကျောင်းအကျိုးတော်ဆောင်အဖွဲ့များ က ဆုများအသီးသီးပေးအပ်ချီးမြှင့်ကြသည်။
ဆက်လက်၍ ထူးချွန်စွာအောင်မြင်နိုင်ရေး ခွင့်ရက်မယူ ပညာသင်ကြားပေးကြသည့်ဆရာ/ဆရာမ များ အား ကျောင်းအုပ်ချုပ်ရေးတာဝန်ခံ နှင့် တာဝန်ရှိသူများ၊ ကျောင်းအကျိုးတော်ဆောင်များ က ဂုဏ်ပြုဆုနှင့် ကျောင်းဝတ်စုံများ ပေးအပ်ချီးမြှင့် သည်။
တနင်္သာရီတိုင်းဒေသကြီး ၊ ကော့သောင်းခရိုင် အတွင်း မြို့နယ် မြို့နယ်ခွဲ များ ရှိ အခြေခံပညာ ကျောင်း များ မှ ၂၀၁၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ထူးချွန် အောင်မြင် မှုတွင် အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း မှ ကော့သောင်းတစ်ခရိုင်လုံးတွင် (၄)ဘာသာဂုဏ်ထူးရှင် တစ်ဦး ထူးချွန်စွာ ပေါ် ထွက်ခဲ့ခြင်းဖြစ်ကြောင်း သိရှိ ရသည်။
                                                Credit to  Мѓлл Нєѓл Кђдлт