Thursday, July 10, 2014

ဝန်ကြီးချုပ် ဦးမြတ်ကို စူပါမုန်တိုင်း(နီယိုဂူရီ)အရှိန်ကြောင့် ကော့သောင်းမြို့တွင် ပျက်စီးမှုများအားလိုက်လံ ကြည့်ရှု။

တနင်္သာရီတိုင်းဒေသကြီး ၊ အစိုးရအဖွဲ့ ၊၀န်ကြီးချုပ် ဦးမြတ်ကို သည် အစိုးရအဖွဲ့ ၀င် တိုင်းဒေသကြီး၊ လူမှုရေးဝန် ကြီး နှင့် တာဝန်ရှိသူများ လိုက်ပါလျှက် စူပါမုန်တိုင်း(နီယိုဂူရီ)အရှိန်ကြောင့်
ကော့သောင်းမြို့တွင် ပျက်စီးမှု အခြေအနေ များအား ဇူလိုင် ၉ ရက် နေ့ မွန်းလွဲပိုင်း ကရောက်ရှိ ကြည့်ရှု စစ်ဆေးသည်။
ဝန်ကြီးချုပ်သည် စူပါမုန်တိုင်း( နီယိုဂူရီ) အရှိန်ကြောင့် ကော့သောင်းမြို့တွင် မိုးသည်းထန်စွာရွာသွန်း၍ တစ်နာရီမိုင်(၄၀)နှုန်းခန့် တောက်လျှောက် လေပြင်းတိုက် ခဲ့ရာ ဇူလိုင်(၈) ရက် ည (၉း၃၀)နာရီ က သစ်ပင်လဲကျ ဖိမိသဖြင့် ပြိုကျ ပျက်စီးခဲ့သည့် ဘုရင့်နောင်ရပ်ကွက် ၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး အုတ်ခံ နှစ်ထပ် အဆောက်ဦး အား ဇူလိုင် ၉ ရက် မွန်းလွဲ ပိုင်း က သွားရောက်ကြည့်ရှုစစ်ဆေး ပြီး တာဝန်ရှိသူများ အား ပိုမိုခိုင်ခန့် သည့် ရုံးအဆောက်အဦး အမြန်ဆုံးပြန်လည်ပြင်ဆင်ဆောက်လုပ်နိုင်ရေး လမ်းညွှန်မှာကြားပြီး ကူညီပံ့ပိုးမှု များ ဆောင်ရွက်ပေးသည်။
အလားတူ ၀န်ကြီးချုပ်သည် အဆိုပါ မုန်တိုင်းအရှိန်ကြောင့် ပြိုကျ ပျက်စီးခဲ့သည့် ကော့သောင်းမြို့ပေါ် ရပ်ကွက် များ မှ ပြည်သူတို့၏ အိုးအိမ်တချို့ အခြေအနေများ အား အမြန်ဆုံးပြန်လည်တည်ဆောက်နိုင် ရေး ခရိုင်/မြို့နယ် မှ တာဝန် ရှိအဖွဲ့အစည်း များ နှင့် ပေါင်းစပ်ညှိနိုင်း လမ်းညွှန် ပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့ အနေဖြင့် ၍ လိုအပ်သည့် ကူညီပံ့ပိုးမှု များ ပေးခဲ့ကြောင်းသတင်းရရှိသည်။
သတင်းရေးသားပေးပို့သူ ကျော်စိုး (ကော့သောင်း)

No comments:

Post a Comment