Saturday, June 28, 2014

ကော့သောင်းမြို့ အေးရိပ်ငြိမ်ရပ်ကွက်တွင် ဘိန်းစာမှုန့်များဖမ်းဆီးရမိ။

ကော့သောင်းမြို့တွင် ဘိန်းစာမှုန့် များဖမ်းဆီးရမိမှုဖြစ်စဉ်တစ်ခု ဇွန် ၁၉ ရက် ည ၇ နာရီ ကဖြစ်ပွားသည်။
ဖြစ်စဉ်မှာ ကော့သောင်းမြို့နယ် မူးယစ်ဆေးဝါးတားဆီးနှိမ်နှင်းရေး ရဲတပ်ဖွဲ့စု(၃၄) မှ ဒုရဲမှူးမြင့်ထွန်း ဦးစီးတပ်ဖွဲ့ဝင်များ သည် သက်သေများနှင့်အတူ ကော့သောင်းမြို့ ၊ အေးရိပ်ငြိမ်ရပ်ကွက် ၊ တော်ဝင်လမ်း (အညာကုန်း) ၊အိမ်အမှန် (--) နေ အောင်ကိုဦး ၏ နေအိမ်အား မူးယစ်ဆေးဝါးရောင်းဝယ်နေကြောင်းသတင်းအရ ၀င်ရောက်ရှာဖွေရာ နေအိမ်ညာဘက်ထောင့် အပြင်ဘက်နံရံနှင့် ကပ်လျှက် မြေကြီးအားတူး၍မြုပ်ထားသည့် အနက်ရောင် ပလတ်စတစ်ရေဇလားအတွင်းမှ အဖြူရောင်ကြွပ်ကြွပ်အိပ်ဖြင့်ထည့်လျှက် ပလပ်စတစ်အိတ်များဖြင့်ထုတ်ထား သည့် အလေးချိန်( ၁၀၀) ဂရမ်ပါ ဘိန်းစာမှုန့် (၅၀)ထုပ် နှင့် အလေးချိန်(၉၀)ဂရမ် ပါ ဘိန်းစာမှုန့် (၃၂)ထုပ် စုစုပေါင်းအလေးချိန်(ရ.၈၈) ကီလိုဂရမ်) ဒေသတန်ဖိုး (၁၁၈၂၀၀၀ိ/- ) အားတွေ့ရှိသိမ်းဆည်းရမိခြင်းဖြစ်သည်။
အဆိုပါ ဘိန်းစာမှုန့် များ သိမ်းဆည်းရမိသည့် အောင်ကိုဦး အား ကော့သောင်းမြို့ ရဲတပ်ဖွဲ့စခန်းမှ မယ(ပ)၂၄/၂၀၁၄၊ မူး/စိတ်ပုဒ်မ ၁၅/၁၉(က) /၂၁ ဖြင့် အမှုဖွင့် အရေးယူဆောင်ရွက်လျှက်ရှိကြောင်းသတင်းရရှိသည်။
                                                                                                          Iprd Kawthoung

No comments:

Post a Comment