Saturday, June 28, 2014

Kali ပေါ်ကနေ BIOS Password ကိုRemove လုပ်မယ်။

                     BIOCRACKER LOGO
ကျွန်တော်တို့ BIOS Password ဆိုတာကတော့ ကွန်ပျူတာ
တစ်လုံးကို Boot တက်တက်တဲ့အချိန်မှာ ဘယ် Device ကို
အရင် Boot လုပ်မယ်။ ဘယ် Device ကို နော်ကမှ Boot လုပ်
မယ်အပြင် အခြား အခြားသော System Setting များကို သို
လှောင်ထားတဲ့နေရာဖြစ်ပါတယ်။ ဒီလို အရေးကြီးတဲ့ နေရာကို
ဝင်ရောက်ဖို့အတွက် အချို့ အချို့သော System Administrator
များက ထိုထဲသို့ ၀င်ရောက်လိုလျှင် Password မှန်ကန်စွာရိုက်နိုင်
မှ ၀င်ရောက်နိုင်အောင် ပြုလုပ်ထားကြတာပါ။
 
 Desktop ဆိုရင်တော့
ပြာသနပ် မရှိပါဘူး။ Casing ကို ဖွင့်ပြီး CMOS Battery ကိုဖြုတ်ချင်
ဖြုတ် သို့မဟုတ် CMOS Jumper ကို Clear လုပ်ပေးရုံပါပဲ။ သို့ပေ
သိ အဓိက ပြာသနပ်ကတော့ Laptop မှာဖြစ်ပါတယ်။ အချို့ကတော
မဖွင့်ရဲတာ၊ အချို့ကတော့ Warantty ပျက်သွားမှာ၊ အချို့ကတော့
CMOS Battery ရှာမတွေ့တာ စသည်တို့ဖြစ်ပါတယ်။ ဘယ်လိုပဲ
 ပြဿနာဖြစ်ဖြစ် အခုကျွန်တော်ပြောမယ့်နည်းလမ်းကတော့ လွယ်
ကူစွာနဲ့ ပဲ ဥုံဖွလုပ်ပေးလိုက်သလားမှတ်ရပါမယ်။သင့်စက်ထဲမှာ
Kali မသွင်းထားလည်း ကိစ္စမရှိပါဘူး။ Kali Live CD သို့မဟုတ်
Kali Bootable USB တို့နဲ့လည်း တက်ပြီး ဖျက်နိုင်ပါတယ်။ ကဲ
စလိုက်ရအောင် သင်ဟာ Kali ထဲဝင်သွားပြီလို့ ခံယူလိုက်ပါမယ်။
အရင်ဆုံး Ctrl+Alt+ T ကိုနှိပ်ပြီး root terminal ထဲကို ၀င်လိုက်ပါ
မယ်။ အကယ်လို့ သင်ဟာ Root user မဟုတ်ဘူးဆိုရင်လည်းသိပ်
လျော့မရှိသေးပါဘူး “ #su ” လို့ရိုက်လိုက်ပြီး Password ရိုက်လိုက်
ပါမယ်။ အကယ်လို့ သင်ဟာ root User ဆိုရင်တော့ ဘာမှရိုက်စရာ
မလိုပါဘူး အောက်ပါပုံအတိုင်းပေါ်လာပါလိမ့်မယ်။
001
Terminal ထဲမှာရိုက်ရမယ့် Command ကတော့ အထက်ပါပုံ
အတိုင်းဖြစ်ပါတယ်။ “ #cmospwd “ ဆိုပြီးရိုက်လိုက်တဲ့အခါ
ထို Command ဖြင့် Support လုပ်မယ့် စက်အမျိုးအစားတွေကို
ပြပေးပါမယ်။ ဘာကြောင့်လည်း ဆိုတော့ အချို့ စက်တွေမှာ
BIOS Password ကို နည်းပေါင်းစုံနဲ့ ကျွန်တော် Clear လုပ်ဖူး
ပါတယ်။ လုံးဝမပျက်လို့ပါ။အကြမ်းဖျဉ်းအားဖြင့်တော့ အထက်ပါ
ပုံမှာပြထားတဲ့ စက်အမျိုးအစားတော်တော်များများမှာ ရပါတယ်။
ကဲ နောက်ထပ်ရိုက်ရမယ့် Command ကတော့ ” #cmospwd –k “
ဖြစ်ပါတယ်။ဒါဆိုရင်တော့ အောက်ပါပုံအတိုင်းဖော်ပြပေးပါလိမ့်
002
မယ်။ ဒီနေရာမှာ ကျွန်တော်တို့က ရွေးချယ်စရာ Option ၃ ခုဖော်
ပြပေးပါလိမ့်မယ် 1 – Kill cmos , 2 – Kill cmos (try to keep date
And time) , 0 – Abort ဆိုပြီးဖြစ်ပါတယ်။ Option 1 ကတော့ CMOS
ကိုလုံးဝဖျက်ပစ်လိုက်မှာဖြစ်ပြီး အထဲမှာ ချိန်ထားတဲ့ Setting တွေအား
လုံးကပျက်ပျယ်သွားမှာဖြစ်ပြီး ပြန်လည် သတ်မှတ်ရမှာဖြစ်ပါတယ်။ပျက်
ပျယ်သွားတယ်ဆိုလို့လည်း မစိုးရိမ်ပါနဲ့ အဓိကက Date and time တွေ
First Boot , Second Boot Device တွေပဲ ပြန်လည်သတ်မှတ်ပေးရမှာ
ပါ။နံပါတ် ၂ကိုရွေးချယ်ပေးမယ်ဆိုရင်တော့ Password သီးသန့်ပဲဖျက်
မှာဖြစ်ပြီး နံပါတ် ၀ ကိုရွေးပေးမယ်ဆိုရင်တော့ ဆက်လက်မလုပ်ဆောင်
တော့ဘူးလို့သတ်မှတ်တာဖြစ်ပါတယ်။ ကျွန်တော်ကတော့ Option 1 ကို
ရွေးချယ်လိုက်ပါတယ်။
003
ပြန်ပို့တဲ့ Message မှာက Cmos ကို ဖျက်လိုက်ပါပြီတဲ့ Date
And Time Setting တွေကိုပြန်လည်သတ်မှတ်ဖို့မမေ့ပါနဲ့
တဲ့ အကယ်လို့ သင်ဟာ Date and Time Setting တွေကို
ပြန်လည်မသတ်မှတ်ပဲ Kali ကိုပြန်တက်မယ်ဆိုရင် GUI Mode
လုံးဝတက်လာမှာမဟုတ်ပဲ CLI Mode ဖြင့်ပဲတက်လာမှာဖြစ်ပါ
တယ်။ အကယ်လို့ Window7 ဖြင့်တက်မယ်ဆိုရင်တော့ ရမှာ
ဖြစ်ပြီး Internet Connection တွေအတွက် အခက်အခဲဖြစ်မှာ
ဖြစ်ပါတယ်။ ဒကြောင့် CMOS ကိုဖျက်ပြီးပြီဆိုရင်တော့ Date
And Time တွေကို အရင်ဆုံး BIOS ထဲဝင်ပြီး သတ်မှတ်ပေး
လိုက်ပါ။ အားလုံး အဆင်ပြေမယ်ထင်ပါတယ်။သြ… ကျန်သေး
တယ် Window ပေါ်ကနေ BIOS Password Clear လုပ်ဖို့က
ကျွန်တော့်ဘလော့လေးထဲမှာ အရင်ကရေးပေးဖူးပါတယ်။ ပြန်
ရှာရမှာ ပျင်းသူတွေအတွက်တော့ အရင်ဆုံး Run Box ထဲကနေ
“cmd” ကို Run as administrator ဖြင့် ၀င်လိုက်ပြီးရိုက်ရမှာက
အရင်ဆုံး >debug လိုက်ရိုက်ပြီးအောက်ကဟာလေးတွေ
_o 70 2e
_o 71 ff
_q
လို့ရိုက်ရမှာဖြစ်ပါတယ်။ အောက်ကပုံအတိုင်းပေါ့ o= အင်္ဂလိပ်အက္ခရာအို ပါ
အောက်ကပုံအတိုင်းပေါ့…
004                                                                          Created By Ko Aug Myo Mobile

No comments:

Post a Comment