Thursday, June 19, 2014

Facebook ရဲ့ photo lock လေးကျော်ဖို့ နည်းလမ်း တစ်မျိုးး




ဖိုတိုလော့ဘာကြောင့်ကျရသလဲ ဆိုရင် Facebook term မှာဖော်ပြထားတာကတော့ ကျွန်တော်တို့ Tag တွေ အများကြီးလုပ်မိခြင်း၊ Auto like ,follower တွေလို Bot တွေ Script တွေ သုံးမိခြင်း၊ နာမည်ကို အကြိမ်ကြိမ်အခါခါ ပြောင်းဖို့ကြိုးစားခြင်း ၊ Friend request တွေအများကြီးပို့မိခြင်း ၊ တစ်စုံတစ်ယောက်က ကကိုယ်တင်တဲ့ပုံကို Report တင်ခြင်း စသဖြင့် အကြောင်းအရာများစွာတိုက Facebook's auto system ကကျွန်တော်တို့ကို Fake ဖြစ်တယ်လို့ထင်မြင်ယူဆစေပါတယ်။ ဒါဆိုရင်တော့ လော့ချဖို့ ရာခိုင်နှုန်းများသွားပါဘီ။ Phone lock ကျရင်တော့ pinger တို့လိုဆော့ဝဲတွေနဲ့အလွယ်တကူကျော်ဖြတ်နိုင်ပေမယ့် photo lock ကျရင်တော့ အကျပ်ရိုက်တတ်ပါတယ်။ကျွန်တော် အမြင်ပေါ့နော်



Facebook photo tag verification မဖြစ်အောင်


တစ်ခုကြိုပြောချင်တာက ကျွန်တော်အယူအဆအမြင်ကိုရေးသားတာဖြစ်လို့ အမှားပါချင်လဲပါနိုင်တာပေါ့နော်.. ကိုယ့်ထက် ကျွမ်းကျင်တဲ့ သူတွေချည်းပဲဖြစ်လို့ပါ။
နေ့စဉ် friend အများကြီးကို Tag မလုပ်ပါနဲ့။
ထို့အတူ friend တစ်ယောက်တည်းကိုအကြိမ်ကြိမ်အခါခါ Tag မလုပ်ပါနဲ့။ထပ်ခါ၂ မလုပ်ပါနဲ့။
တစ်နေ့အတွင်းမှာ friend request ငါးခုထပ်ပိုမပို့ပါနဲ့။
ဖြစ်နိုင်ရင် နာမည်ကို အစကတည်းက အတည်တကျပေးခဲ့ပါ။မြန်မာလိုပြောင်းချင်ယင်လည်းတစ်ခါလောက်ပဲကောင်းပါတယ်။
Script တွေမသုံးပါနဲ့။ဒါကအဓိကကျပါတယ် Script တွေက ကိုယ့်ကို Fake,bot အဖြစ်ယူဆစေပါတယ်။
Auto followers and liker တွေကို အတတ်နိုင်ဆုံးမသုံးပါနဲ့။
Facebook photo identification ကိုဘယ်လိုဖြတ်ကျော်မလဲ?
အကြံပေးတဲ့အဆင့်ပဲရှိပါတယ်။ဒီလိုလုပ်ရင် ရမယ်လို့တော့မဆိုလိုပါဘူး.ဒါပေမယ့် ကျွန်တော် photo lock ကျတဲ့အကောင့်တွေကိုတော်တော်များများ ဒီလိုပဲ ကျော်ဖြတ်ခဲ့ပါတယ်။
ဒီလိုလော့ကျမယ်ဆို ဖေ့ဘုတ်က ပေးတဲ့ပုံတွေကို Tag ရွေးပေးပြီးမှန်အောင်ရွေးပေးရပါတယ်။
ပုံငါးပုံကိုနာမည်နဲ့မှန်အောင်ရွေးရတာပါ။ မိမိသိတဲ့သူတွေဆိုသိနိုင်ပေမယ့် ဖေ့ဘုတ်မှာက မသိတဲ့သူတွေကော friend ဖြစ်နေတာတွေအများကြီးလေ။ ပုံကိုဖော်ပြပြီးအောက်မှာ နာမည်တွေ ငါးခုခြောက်ခုပေးထားပါလိမ့်မယ်။
ပထမဆုံး Google Image Search Engine ကိုဖွင့်လိုက်ပါ။
first name ကို ကော်ပီလုပ်ပြီး Google image မှာရှာကြည့်မှာပါ။ ပေးထားတဲ့နာမည်တွေထဲကတစ်ယောက်ရဲ့ name ပေါ့နော်။ တစ်ယောက်ပြီးတစ်ယောက်စမ်းကြည့်ပါ။
ရှာဖွေရာမှာ ရိုက်ထည့်ရမှာက Facebook+”name of 1st friend” ဖြစ်ပါတယ်။
Facebook+Kyaw စသဖြင့်ပါ။
Image Search.မှာပုံတွေထွက်လာပါမယ်။
ဒါဆိုရင်သဘောပေါက်ပါလိမ့်မယ် ပုံတွေပေါ်မူတည်ပြီး ပထမတစ်ယောက် ဒုတိယတစ်ယောက်စသဖြင့် မိမိဦးနှောက်ကိုအသုံးချပြီး စွမ်းဆောင်နိုင်ပါတယ်

photo lock သမားတွေကို အနည်းငယ်အထောက်အပံ့ရမယ် မျှော်လင့်ရင်း....
ပို့စ်ရေးသူ-   Hanwailinn

No comments:

Post a Comment