Thursday, July 16, 2015
တိုက်နေတုန်းမှာ ဖုန်းဝင်လာတာလောက် စိတ်တိုတာမရှိဘူ... (COC) :-
စိတ်မပူပါနဲ့ အာ့တာကို ဖြေရှင်းဖို့
ကျနော် app လေးတစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်။
Call Popout လေးပါ.. COC player များ အတွက်
အကြိုက်တွေ့စေမယ်ထင်ပါတယ်..
ကျနော်ကိုယ်တိုင်ကလည်း တိုက်နေတုန်း
ဖုန်းလာရင် စိတ်တိုမိတာအမှန်ပါ....ခိခိ
ဒီကောင်လေးကို ဆောင်ထားခြင်းအားဖြင့်
ကိုယ်ကစားနေတဲ့နေတဲ့ Game မှ မဟုတ်ပါဘူး
ကျန်တဲ့ app တွေ run နေတဲ့အချိန်မှာလည်း 
ဖုန်းအ၀င် call ကို messanger က message 
ဝင်လာသလိုပဲ ၀င်လာမှာပါ ကဲ ဒီပုံလေးပါ
ကျနော် coc ကစားတုန်း ဖုန်းဝင်တဲ့ပုံလေးပါ.
 ဒါက contact ထဲမှာ မရှိလို့ပါ .. Contact ထဲက
နံပါတ်ဆိုရင်တော့ နမည်ပေါ်မှာပါ..
အရေးကြီးလို့ ကိုင်မယ် အရေးမကြီးလို့ 
reject မယ် ဒါမှမဟုတ် silent Or vibrate
လုပ်မယ်ဆိုရင်တော့ icon လေးကို ဖိထားပီး 
ကိုယ်ဆွဲချင်တဲ့ဘက်သာဆွဲလိုက်ပါ..
ကဲ ဒီလောက်လေးဆို သူ့ရဲ့ အသုံးဝင်ပုံကို 
သိလောက်ပီထင်ပါတယ်...
ဒီ app လေးရဲ့ Function ကတော့ အစုံပါပါတယ်
 ဒါလေးဆို app list မှာ ထားခဲ့ရင် ကိုယ် select လုပ်ထားတဲ့ app
တွေ run နေတဲ့ အချိန်မှာပဲ ဖုန်းဝင်လာရင် Popout ပေါ်လာမှာပါ.
ဟိုဘက်က all apps ဆိုတာလေးကတော့ ပြောစရာမလိုဘူးထင်ပါတယ်
ကဲ ကျနော်ကတောာ့ clash of clans ကို အမှန်ခြစ်ပေးထားလိုက်ပါတယ်
ကဲ ကြိုက်ရာ လင့်မှာ downlaod အခမဲ့
ယူသွားနိုင်ပါတယ်...
မှတ်ချက်။ စက်အနည်းငယ်လေးတဲ့ ဖုန်းတွေမှာ
             အ၀င်call ခဏ တက်လာတတ်ပါတယ်
             ဒါပေမယ့် တစ်ချက်လေးပါပဲ မကိုင်ဘဲ
             ထားလိုက်ရင် COC ဘက် ပြန်ရောက်
             သွားမှာပါ....
Download : (1.97) MB
Google Gift Card (free) ယူပြီး COC မှာ Gems ဝယ်ကြမယ်
အပေါ်လင့် က application ကို ဒေါင်းပါ။ ဖွင့်ပြီး login ဝင်ပါ။ ok ပေါ်လာရင် နှိပ် ပါ fb နဲ့ Auto ချိတ်ပါလိမ့်မယ်။ စောင့်နေပါ code ရိုက်ဖို့. box ကျလာပါလိမ့်မယ်။ BQ47216 ကုတ်ကို ရိုက်ထည့်ပါ။ ပြီးရင် 0.3 $ ရပါပြီ။ setting က invite friend ကိုနှိပ်ပါ။ ကို့ရဲ့ invite code ကိုတွေ့ရပါလိမ့်မယ်။ မှတ်ထားပါ။ ကို့ရဲ့friend တွေကိုလည်း ဒီ နည်းနဲ့ ကို့ရဲ့ code ကိုသုံးခိုင်းပါ။ 12$ ပြည့်လာပါမယ်။ ပြည့်ရင် setting မှာ payout ကိုနှိပ်ပါ။ 12 US $ Gift Card ကို ဝယ်ပြီး COC Game. က shop မှာ Gems တွေ ဝယ်ပြီး စိတ်ကြိုက် level တွေ တင်သုံးနိုင်ပါပြီ။ gems မဝယ်ချင်ဘူး COC မဆော့တဲ့ သူဆိုရင်လည်း google gift cardနဲ့ တစ်ခြား အရာတွေမှာ အသုံးပြုနိုင်ပါသည်။ ကျေးဇူးပါ။
Tuesday, July 14, 2015
Google Play Store မပါတဲ့ China Android ဖုန်းတွေကို Play Store ထည့်သွင်းနည်း
 Google Play Store App မပါတဲ့ China Android ဖုန်းတွေကို Play Store ထည့်လို့ရနိုင်လားဆိုပြီး မေးနေကြလို့ လက်လှမ်းမှီသလောက် မျှဝေပေးလိုက်ပါတယ်...။
 များသောအားဖြင့် တရုတ်ကလာတဲ့ Android ဖုန်းတွေမှာ Google Play Store Market ပါမလာတတ်ပါဘူး... ဒီအတွက် Play Store ကို အသုံးပြုနိုင်အောင် ပြုပြင်ပေးလို့ရနိုင်ပါတယ်..။
အရေးကြီးတာက Play Store ထည့်သွင်းမဲ့ Android ဖုန်းက Root ဖြစ်ထားဖို့လိုပါတယ်...။
Root မဖြစ်သေးရင် ဒီထဲကအတိုင် Root လုပ်ပေးနိုင်ပါတယ်..။
Root လုပ်ထားတယ်ဆိုရင်... ဒီအတိုင်းပြုပြင်ပေးလိုက်ပါ....
၁ ။   Root Explorer Apk V.3.1.2  ကို ဒေါင်းယူပြီး ဖုန်းထဲကို Install လုပ်ထားပါ ...
၂ ။ လိုအပ်တဲ့ ဖိုလ်တွေကို ထပ်ဒေါင်းယူပါ..။  1) GoogleServicesFramework
2) GoogleLoginService.apk
3) (lastest version is better) (or)  Google play store
OR
All In One
၃ ။ GoogleServicesFramework.apk , GoogleLoginService.apk နဲ့ Google Play v3.8.17.apk တို့ကို ကွန်ပျူတာမှ တဆင့် ထည့်ပါ.. (SD Card ထဲ Copy ကူးထည့်လည်းရပါတယ်)..။
၎ ။ Root Explorer ကိုဖွင့်ပါ SD Card မှာ စောစောက ထည့်ထားတဲ့ APK သုံးခုကိုရှာပါ.. တွေ့ရင် Copy ကူးပါ..  ပြီးရင် System > App folder ကိုသွားပါ ရောက်ရင် အပေါ်နားက Mount R/W ကို တစ်ချက်နှိပ်ပြီး Mount R/O သို့ ပြောင်းလဲလိုက်ပါ.. R/O ဖြစ်သွားပြီဆိုရင် Root Explorer အောက်ခြေနားမှ Paste ကို နှိပ်ပေးလိုက်ပါ..။
၅ ။ ဖုန်းကို Reboot ချပေးလိုက်ပါ.. (ဖုန်းကို ပိတ်ပြီး ပြန်ဖွင့်လိုက်ပါ) ။
ဖုန်းပြန်တတ်လာရင် Google Play Store ကို Gmail , Password တွေနဲ့ log in ဝင်ပြီး စိတ်ကြိုက် အသုံးပြုနိုင်ပါပြီ...။
အဆင်ပြေပါစေ
Credit...by
ဝင်းကမ္ဘာကျော်
Monday, July 13, 2015
Android ဖုန်းထဲမှာ Virus ကာကွယ်မယ့်-CM Security Antivirus AppLock v2.6.6 build 20664050 Apk နောက်ဆုံးထွက်
Update ထွက်လာသော Security Antivirus လေးကိုတင်ပေးလိုက်ပါတယ်။ ဖုန်းထဲမှာ Virus ဝင်းလာမှာ ကိုကြောက်ကြောက်နေသူများ Virus ကြောင့် လေးလန်နေသူများ ဒီကောင်လေးကိုဆောင်ထားသင့်ပါတယ်။ ဘာဖြစ်လိုဆိုရင် ဒီကောင်လေးကတော့ Antivirus တွေ ကောင်းဆုံးကာကွယ်ပေးနိုင်တဲ့ apk လေးတစ်ခုထဲမှာ ဒီကောင်က ပထမဆုံးအဆင့်လောက်ကိုရောက်ရှိနေပါတယ်။ Lock Contacts, WhatsApp, Facebook messenger,Lock Gallery, Photo, and files တွေကို lock apk တစ်ခုအဖြစ်အသုံးပြုလို့ရသလို antivirus and security တွေကိုလည်း 100% အဖြစ်လည်းကာကွယ်ပေးပါတယ်ဗျာ။ဖိုင်းဆိုဒ်လေးကတော့7.71MB ဖြစ်ပြီး Android OS အားမှာသုံးနိုင်ပါတယ်ဗျာ။
 Download Here
ဝင်းလှိုင်(နည်းပညာ)
Thursday, July 9, 2015
စာအုပ်​apk ​ရေးသားနည်းနည်း
မင်္ဂလာပါ ဒီ​နေ့တင်​​ပေးတာက​တော့
စာအုပ်​apk လုပ်​နည်း​လေဖြစ်​ပါတယ်
တောင်းထားတဲ့ သူငယ်​ချင်​​တွေများ​နေလို့
တင်​​ပေးလိုက်​ချင်းဖြစ်​ပါတယ်
အောက်​ကပုံ​လေ​တွေကြည့်​ပြီသာ
လုပ်​ကြပါ​တော့
ဆော့ဝဲကို ​ဒေါင်းရန်
Jdk java  မရှိဘူးဆိုရင်​​တော့ ​အောက်​က​လင့်​က​နေ​ဒေါင်းပါ
java ​download
အားလုံး အဆင်​​ပြေပါ​စေ
Download : (11.73) MB
Solidfiles
Zippyshare
Partition တွေကို GPT type ကနေ MBR ပြောင်းပြီး window 2 ခု install လုပ်လို့ရအောင် လုပ်နည်း(၂) Third Party software ဖြင့်
ဒါလေးကတော့ Third party software နဲ့ GPT partition တွေကို MBR ပြောင်းတဲ့ ဒုတိယ နည်းပါ..
(ဒါကပိုလွယ်ပါတယ် software ကို မဒေါင်းချင်ရင် cmd နဲ့ သွားလိုက်ပါ...)
ကဲအရင်ဆုံး software ကို ဒေါင်းလုပ်ဆွဲလိုက်ပါ....
Download AOMEI 
Download Demo ဆိုတာလေးကို နှိပ်ပြီး download ယူနိုင်ပါတယ်.
ပြီးရင် ဖွင့်လိုက်ပါ....
အောက်ကပုံအတိုင်းပေါ်လာပါလိမ့်မယ်...
ပြထားတဲ့အတိုင်းဆက်သွားလိုက်ပါ.....
ဒါကတော့ ကျနော့်ရဲ့ partition size ပါ...
ပြီးရင် rick click နဲ့ခေါ်လိုက်ပါ...
coverty to MBR disk ကို ရွေးပေးပါ..
questions တစ်ခုတက်လာပါလိမ့်မယ်... Ok ပဲ ထပ်ရွေးပေးပါ..
ပြီးတာနဲ့ menu ကို သွားပြီး apply ဆိုတာလေးကို နှိပ်ပေးပါ...
ထပ်မေးလိမ့်မယ် proceed ကို နှိပ်ပေးပါ...
ဒီဆော့ဝဲမှာ လုပ်လို့ရတာအများကြီးကျန်ပါသေးတယ်....
FAT/FAT 32 to NTFS ,  migrate OS to SDD ,ေaနောက်ထပ်လည်း ရှိပါသေးတယ် ကလိသာကြည့်ကြပါတော့ဗျာ...
အရမ်းကို အသုံးဝင်တဲ့ software လေးတစ်ခုဆိုလည်း မမှားပါဘူး..
ကျေးဇူးတင်ပါတယ်ဗျာ..
coc update လေးပါ
ဒီ​နေ့ coc update ​တောင်း​နေပါတယ်​ google
က​နေလဲ download ဆွဲမရဘူးဖြစ်​​နေတဲ့ သူငယ်​ချင်းများအတွက်​ တင်း​ပေးလိုက်​ပါတယ်​  လို့သူများ ​အောက်​မှာ​ဒေါင်းပါ
                 download
                 download 2 
                 ဒီကောင်ကိုဒေါင်းပါ
Tech Space Journal ( Vol-3, No-29 )
Tech Space Journal ( Vol-3, No-29 )
Download ►: ►''Here ''
Candy Crush ကစားတဲ့​ဘော်​ဒါ​တွေအတွက် အချက်​ 400 Move လို့ရတဲ့ Candy Crush Extra Life
ကျ​နော်​ဒီတစ်​ခါ Candy Crush ကစား​တဲ့ ​ဘော်​ဒါ​တွေအတွက်​ အချက်​ 400 ​ရွှေ့လို့ရတဲ့ Candy Crush Extra Life New Version ​လေးထွက်​လို့တင်​​ပေးလိုက်​ပါတယ်​ ။ ဒီ Apkb​လေးကို
အသုံးပြု့မယ်​ဆိုရင်​ ဖုန်းမှာ Root ရှိ့ရပါမယ်​ ။
အသုံးပြု့ပုံ
===========
အသုံးပြု့ပုံက​တော့ မခက်​ခဲပါဘူး ။ Apk ကို Install
တင်​ Run ပီး Root Access ​တောင်းရင်​ ​ပေးလိုက်​ပါ ။
Add life ဆိုတာကို Click ပီး အသက်​ခိုးနိုင်​ပါပီ ။
Candy Crush Extra Life  Apk : ( 278 ) Kb
★ DOWNLOAD HERE ★ 
Allwinner A23 Tablet firmware Download နဲ့ တင်နည်း
 အခုနောက်ပိုင်း တရုတ် tablet တော်တော်များများက Allwinner A23 chip တွေနဲ့ပဲလာတော့ပါတယ်..အဲဒီမှာ အရင် A13 ပဲတွေ့ဖူးနေတော့ firmware တင်ဖို့အခက်တွေ့ရပါတယ်....ကျွန်တော်ကိုယ်တိုင် ရှာဖွေပေမယ့် မြန်မာပြန် post တစ်ခုမှမတွေ့ရပါ...အဲဒါနဲ့ ဒီ post ကိုရေးရခြင်းဖြစ်ပါတယ်... (အရင်ဆုံးလုပ်ရမှာက မိမိစက်ထဲမှာရှိတဲ့ antivirus တွေအကုန်လုံး disable လုပ်ဖို့ပါ) ပေးထားတဲ့လင့်ထဲက suite လေးကိုဒေါင်းပြီး ဖြည်ချလိုက်ပါ အဲဒီထဲက PhoenixUSBPro.exe ကို run လိုက်ပါ(ပုံ-၁) ပြီးလျှင် suite ထဲက KEY ဆိုတဲ့ buttom လေးကို နှိပ်ပြီး ဒေါင်းလို့ရလာတဲ့ထဲက KEY file လေးကိုရွေးပေးလိုက်ပါ (ပုံ-၂/၃) အဲဒီနောက် IMAGE buttom ကိုနှိပ်ပြီး သက်ဆိုင်ရာ firmware image file ကိုရွေးပေးလိုက်ပါ (ပုံ-4) (Firmware ကတော့ မိမိ Mainboard မှာပါတဲ့ ID အတိုင်းရှာဒေါင်းလိုက်ပေါ့) ကျွန်တော်စမ်းသပ်အောင်မြင်ထားတဲ့ firmware ကို လင့်ပေးထားပါတယ် လိုအပ်တယ်ဆိုဒေါင်းထားလိုက်ပေါ့ (ပုံ-၅) ပြီးရင် START buttom ကိုနှိပ်လိုက်ပါ (ပုံ-၆) အဲဒီမှာ ညာဘက်ဒေါင့်နားလေးမှာ အမှတ်ခြစ်အစိမ်းရောင်လေးပေါ်လာရပါမယ် ချက်ချင်းမပေါ်လျှင်စောင့်လိုက်ပါ(ပုံ-၇) အဲဒီနောက်မှာတော့ tablet မှ Vol + ကိုနှိပ် USB ကြိုးထိုးပြီး Power buttom ကို ခုနစ်ချက်နှိပ်ပါ driver searching လုပ်ပါမယ် driver မသိလျှင် My computer > right click > properties > device manager > ထဲက unknown device ကို right click > update driver software ကိုနှိပ် Browse my computer for driver software > Browse > လုပ်ပြီး ဒေါင်းလို့ရလာတဲ့ထဲက USB driver folder ကိုညွှန်းပေးပြီး next လုပ်လိုက်လျှင် driver သိသွားပါမယ် (ပုံ-၈) အဲဒီနောက်မှာတော့ suite က firmware တင်ခြင်းကို စတင်နေပါပြီ (ပုံ-၉) မှာ အနီပြထားတဲ့အကွက်ထဲမှာ % တွေတက်လာပြီး 100% ပြည့်လျှင်တော့ firmware တင်ခြင်းပြီးဆုံးပါပြီ.....အားလုံးအဆင်ပြေကြပါစေ...
အသုံးဝင်တယ်ထင်လျှင် ၀ိုင်း Share ပေးကြပါ
Hadron Wars 1.1.0.57 APK for Android
စစ်တိုက်တဲ့ game လေးပါ ဆော့လို့ကောင်မယ် ထင်လို တင်ပေးလိုက်ပါတယ်
                               download
Download : (44.62) MB
Solidfiles
                                                         Zippyshare
ဖုန်းနံပါတ်ဖျောက်၍ ဖုန်းခေါ်နည်း (for andriod phone)
ဖုန်းနံပါတ် ဖြောင့်၍ ဖုန်းခေါ်နည်းလေးပါ...။အသုံးလိုတဲ့သူသုံး နိုင်အောင်လို့ တင်ပေးလိုက်ပါတယ်..။ personal call, secret call အစရှိတဲ့ ခေါ်ဆိုမှုတွေမှာ ကို့ဖုန်းနဲပါတ်ကို မသိစေချင်ပဲ ဖြောင့်ထားလို့ရပါ တယ်..။
ဘယ်လိုလုပ်မလဲ ဆိုရင်တော့ ကဲစလိုက်ရအောင်.....
  • ပထမဦးဆုံး အောက်မှာပေး ထားတဲ့ ဆောဝဲနှစ်ခု ကိုဒေါင်းလိုက်ရအောင်...။
  • ဒေါင်းယူပြီးရင် ဆောဝဲနှစ်ခုကို ဖုန်းတွင် inslall ပါ.....။
  • ပြီးရင် ဖုန်းကို reboot (restart) လုပ်ပါ....။
  • ဖုန်းပြန်ပွင့်လာရင် screen မှာရှိတဲ့  Hide Caller ID ကိုဖွင့်လိုက်ပြီး enabled နဲ့ show icon ကို အမှတ်ခြစ်ပေးပါ....။
  • and contact number ကိုနှိပ်ပြီး add လုပ်မဲ့ဖုန်းနံပါတ်တစ်ခု ဒါမှမဟုတ် ဖုန်းထဲက နံပါတ်အားလုံး ထည့်ပေးလိုက်ပါ ....။
  • add မလုပ်ထားတဲ့ ဖုန်းနံပါတ်ကိုခေါ်ရင် hide လုပ်မှာလား show လုပ်မှာလားမေးလာပါမယ်..။ ကိုအသုံးပြုတဲ့အတိုင်း seleat လုပ်ပါ...။
screenshots လေးပြထားပါတယ်...။
ဒီလောက်ဆို သူငယ်ချင်းများ နားလည်မယ်လို့မျှော်လင့်ပါတယ်.....။ဒီနည်းလေးကို ကိုအောင် ရဲ့ ဆိုက်မှ တွေ့ လို့ အားလုံးသိစေရန်ရည်ရွယ်ချက်ဖြင့် ကျနော်ပြန်လည်မျှဝေပေးပါတယ်.....။အသေးစိတ် ကိုတော့ ဒီလင့်မှာ ၀င်ရောက်လေ့လာနိုင်ပါတယ်....။