Thursday, August 31, 2017

Phicom Backlight Jumpper

အကို​ရေ.....​အောက်​ပြုတ်​ကျပြီးဖုန်းဖွင့်​လို့မရ​တော့ဘူးတဲ့...ဘက်​ထရီလည်းဖားပါးစပ်​နှင့်​အားသွင်းထားပြီးပြီတဲ့....ဒီ​တော့ ထုံးစံအတိုင်းP.S နှင့်​ချိတ်​ပြီးနိုး​တော့ မီတာအပ်​တံ​လေးလှုပ်​ပြီးနိုး​နေတာ​တွေ့လိုက်​ရတယ်​..စကရင်​မှာ​တော့ ဘာမှမ​ပေါ်ဘူး...​သေ​သေချာချာကြည့်​မှရိပ်​ရိပ်​​လေး​ပေါ်​နေတာ​တွေ့လိုက်​​တော့ ​သေချာပြီ B.LIGHT error...ဖုန်းကိုဖြုတ်​ပြီးlcd socket ကိုကြည့်​လိုက်​​တော့ ဆား​ပေါက်​​တွေ​တွေ့တယ်​...သန့်​ရှင်း​ရေးလုပ်​ပြီးကြည့်​မှ BLight အပင်​​လေးပြတ်​​နေတာ​တွေ့လိုက်​တယ်​..ဒီ​တော့ပုံ​လေးလို လုပ်​​ပေးလိုက်​​တော့ အို​ကေသွား​ရော.....
                                                                 IDEA MOBILE (TRAINNING & SERVICE)

Lenovo Shock

Lenovo တလုံးလာအပ်​တယ်​....ဘာမှမလာဘူးတဲ့...စိတ်​ချမ်းသာလိုက်​တာ အဲလို လာမှမလာတဲ့ဖုန်း​တွေပြင်​ရတာကို....
P.S နှင့်​ချိတ်​​တော့ အားပါးပါးပူလိုက်​တာသံပြား​ကြီး...သံပြားကိုဆွဲခွာလိုက်​​တော့ NET WORK GROUP....P.S ကို V ​လျှော့ချပြီး ချတ်​​တော့ C ​လေး​တွေပူ​နေတယ်​...ခဲ​ငွေ့ရိုက်​ရမှာပျင်းလို့ မီတာ​ကောက်​ကိုင်​ပြီး C ​လေး​တွေ ​လျှောက်​တိုင်းတယ်​...​တွေ့ပြီ ​Shock ​ကျ​နေတဲ့​ကောင်​​တွေ...တလုံးတည်းမဟုတ်​​တော့ စိတ်​​လေတယ်​....Shock ကျ​နေတဲ့ အ​ကောင်​လို့ ထင်​တဲ့အလုံးကို ဖြုတ်​ချတယ်​...Shock မ​ပျောက်​ဘူး...​နောက်​တလုံးကိုထပ်​ဖြုတ်​​တော့ မှာ OK သွားတယ်​...အရင်​ဖြုတ်​ထားတဲ့အလုံးကိုပြန်​တပ်​​ပေးလိုက်​တာ...ဖြုတ်​ထားတဲ့အလုံးကိုလည်းဆိုဒ်​တူပြန်​တပ်​​ပေးလိုက်​တယ်​...
                                                                     IDEA MOBILE (TRAINNING & SERVICE)

Y625 EMMC ERROR

ဖုန်းက Logo လည်​​နေတယ်​...ဒီ​တော့ရှင်းရှင်းဘဲ​ပြောပြတယ်​..ညီမ​လေး ...ဒီဖုန်းကလက်​ရှိဖန်​ဝဲ ကျသလိုဖြစ်​​နေတယ်​...ဖန်​ဝဲ တင်​လို့မရရင်​ EMMC လဲရမယ်​...emmc လဲလို့အဆင်​မ​ပြေရင်​ အခုလို Logo ​လေး​တောင်​မြင်​ရမှာမဟုတ်​ဘူးလို့ရှင်းရှင်း​ပြောတယ်​...လက်​ခံရင်​ပြင်​ပေးမယ်​...​..အို​ကေဆို​တော့အဆင်​​ပြေသွားတယ်​...emmc လဲတိုင်း ​ကောင်းသလားဆိုရင်​ emmc error မှန်​ရင်​ အို​ကေတယ်​..ဒါ​ပေမယ့်​အ​ရေးကြီးဆုံးက ကိုယ့်​လက်​ဆ ...အိုင်​စီခွာတဲ့အခါ အ​ရေးကြီးတဲ့ Data အပင်​​တွေ ပြတ်​မပါသွားဖို့လိုတယ်​...တပင်​​လောက်​ဆို ပြန်​ဆက်​လို့အဆင်ြေ​​ပ ​ပေမယ့်​ အပင်​​ရေများရင်​ ငို​တော့.....ဒါ​ကြောင့်​မို့ စကားကြိုတင်​ခံထားရတယ်​....အိုင်​စီခွာ​တော့ ပုံပါအတိုင်း Data အပင်​​တွေမပါ​တော့ အိုင်​စီကို ခဲ​လောင်းပြီး ပြန်​ကပ်​.ပြီးရင်​y625u32 က qualcom ဆို​တော့ Block 0 ​လေးပြန်​​ရေးလိုက်​​တော့​ကောင်းသွား​ရော..
                                                                           IDEA MOBILE (TRAINNIG & SERVICE)

Wednesday, August 30, 2017

Parallel Space-Multi Accounts Latest Version 2.2.4961 APK - နောက်ဆုံးဗားရှင်း

 ကျွန်တော်တို့တွေဟာ စမတ်ဖုန်း တစ်လုံးကို ပြီးပြည့်စုံအောင် အသုံးပြုချင်ကြသူတွေပါ။ ဥပမာအနေနဲ့ ပြောရရင် Facebook Account နှစ်ခုကို ဖုန်းတစ်လုံးတည်းမှာတင် ပြိုင်တူ အသုံးပြုချင်တာတွေ၊ COC အကောင့် နှစ်ခုကို စမတ်ဖုန်း တစ်လုံးတည်းမှာတင် ပြိုင်တူ အသုံးပြုချင်တာတွေ၊ အခြား မြောက်မြားလှစွာသော Social Application တွေကို ပြိုင်တူ အသုံးပြုချင်တာတွေ စတဲ့ ပြိုင်တူ လုပ်ချင်တာတွေများကြပါတယ်။ အဓိကအားဖြင့်တော့ Facebook နဲ့ COC ပေါ့။ အခုဆိုရင်တော့ အဆိုပါ အဆင်မပြေမှုတွေကို အဆင်ပြေစေမဲ့ Android Application လေးတစ်ခု ထွက်ပေါ်လာပါပြီ။ Application လေးရဲ့ နာမည်ကတော့ Parallel Space လို့ခေါ်ပါတယ်။
ဒီ application လေးရဲ့ အားသာချက်ကတော့ Network တစ်ခုတည်းရဲ့ အောက်မှာ တစ်ချိန်တည်း Account တွေ မြောက်မြားစွာကို စိတ်ကြိုက် အသုံးပြုနိုင်ပါတယ်။ အထူးသဖြင့် ဂိမ်းသမားတွေအတွက် စိတ်ကြိုက်ဖြစ်စေမှာဖြစ်ပြီး Application တွေအကုန်လုံးနီးပါးကို ပြိုင်တူ အသုံးပြုနိုင်ပါတယ်။ ဒါ့အပြင် ကြိုက်နှစ်သက်တဲ့ Application တွေကိုလည်း Parallel Space ဆိုတဲ့ Application လေးထဲမှာ ထည့်သွင်းသိမ်းထားလို့ရပါသေးတယ်။
သတိပြုထားရမဲ့ အချက်တွေအနေနဲ့ကတော့ မိုဘိုင်းဖုန်းရဲ့ Permission လိုအပ်တဲ့ ကိစ္စတွေကို သတိထားရပါတယ်။ နောက်တစ်ခုက Application နှစ်ခုကို ပြိုင်တူ သုံးနေရတာဖြစ်တဲ့အတွက် Storage ပြဿနာတွေရှိလာနိုင်ပါတယ်။ Task manager လို App မျိုးတွေအသုံးပြုပြီး သေချာ စီမံရင်တော့ အဆင်ပြေပါတယ်။ ဒါ့အပြင် လက်ရှိအသုံးပြုနေတဲ့ ဖုန်းနံပါတ်နဲ့ ဖွင့်ထားတဲ့ Account နှစ်မျိုးဆိုရင် အသုံးပြုလို့မရနိုင်ပါဘူး။ အသုံးပြုလိုသူများအနေနဲ့ အောက်က Link မှာ ဝင်ရောက် Download ပြုလုပ်နိုင်ပါတယ်။

 
 Ref: myanmarmobileapp
CA IPCC Taxation Question Paper

Bagan Keybroad Perminum 5.6 (Key ထည့်​စရာမလိုတဲ့ Activated ဖြစ်​ပြီးသား Bagan Keybeoad)




Bagan Keybroad အတွက်​ Key မလိုတဲ့ Version 5.6 ကိုတင်​​ပေးလိုက်​ပါတယ်​။ အခု​တော့ Version 6 ​ကျော်​ထိ ထွက်​​ ​နေပါပြီ။ Activated ဖြစ်​ပြီးသား ​​တွေ့လို့ လိုင်းမ​ကောင်းတဲ့ကြားက ပြန်​လည်​မျှ​ဝေ ​ပေးလိုက်​ပါတယ်​။ အခု Version က​တော့ အရင်​က တင်​ထားဖူးတဲ့ Perminum ဖြစ်​ပြီးသား v4.4 ထက်​ပိုလန်းပါတယ်​။ သုံးရတာလည်း ပိုမြန်​ဆန်​ပြီး အဆင်​​ပြေပါတယ်​။
လိုချင်​သူများ ​အောက်​က လင့်​မှာ ​ဒေါင်းနိုင်​ပါတယ်​။

Orange Cracker ကဟတ်​ထားတဲ့ Keybroad ဖြစ်​ပါတယ်​။

အားလုံးအဆင်​​ပြေပါ​စေ။

Dauble Tap For Android (ဖုန်း Screen ကို လက်​နဲ့ ၂ ချက်​ ​ထောက်​လိုက်​ရုံနဲ့ Unlock ဖြစ်​​စေမဲ့​ဆော့ဝဲလ်​)


ဒီ Double Tap ကို​တော်​​တော်​များသိကြမယ်​ ထင်​ပါတယ်​။ အခု​နောက်​ပိုင်းဖုန်း​တော်​​တော်​များလည်း Double Tap Unlock ပါတာများပါတယ်​။ Samsung ဖုန်း​တော်​​တော်​များ​တော့ မပါကြပါဘူး။ အဲတာကို ​ဆောဝဲနဲ့ အသုံးပြုလို့ရပါတယ်​။ ဖိုင်​ဆိုဒ်​ကလည်း​သေး​သေး​လေးပါ ဖုန်းထဲမှာ ရှိ​နေသင့်​တာမို့ ကြိုက်​ရင်​ဆွဲသွားကြပါဗျာ။ Android Version 4.++++ အထက်​​တွေမှာ အသုံးပြုနိုင်​ပါတယ်​။  
အောက်​မှာ ဆွဲလိုက်​ပါ


အားလုံးအဆင်​​ပြေပါ​စေ။

Sim Card တစ်​ကတ်​ထဲဖုန်းကို ဖုန်းနံပါတ်​ ၂ ခု သုံးချင်​သူ​တွေအတွက်​ နည်းလမ်း​ကောင်း။ ​ဆောဝဲမလို အင်တာနက်လိုင်း​မလို ပိုက်ဆံမစားဘူး​​​။ တကယ်​အသုံးဝင်​တာ​နော်​။



ကျ​နော်​တို့ဖုန်းထဲမှာ MPT Sim သုံးထားတယ်​​ပေါ့ဗျာ။ အဲတာ ဖုန်းကလည်း Sim တခုထဲသုံးလို့ရတယ်​ Telenor ကိုလည်းသုံးချင်​တယ်​ အဲမှာ အခက်​​တွေ့​ရော​ပေါ့။ ကဲဒါဆိုရင်​ အသုံးပြုလို့ရတဲ့နည်းလမ်း ​တွေ့ထားပါတယ်​။ MPT ဖုန်းနံပါတ်​ကို Telenor ထဲမှာ အ၀င်​ Call လက်​ခံလို့ရမယ်​ဗျ။ အဲတာဆိုရင်​ Telenor Sim တခုထဲမှာ MPT ​ရော Telenor နံပါတ်​ပါ နှစ်​ခုလုံး အ၀င်​​ခေါ်လက်​ခံလို့ရပြီဗျ။ လုံးဝ Free ​နော်​ ကျ​နော်​ လက်​​တွေ့ စမ်းသပ်​ပြီး သုံး​နေပါတယ်​။ ဒီနည်းကို MPT မူရင်း Page က​နေ တင်​ထားတာ​တွေ့လို့ စမ်းကြည့်​တာ အဆင်​​ပြေလို့ ပြန်​မျှ​ဝေ​ပေးတာပါ။ Ooredoo သုံးသမား​တွေလည်း ယခုနည်းအတိုင်းလုပ်​လို့ရပါတယ်​။ အတူတူပါပဲ။ 

မရှင်းမှာ စိုးလို့ အခုနည်းက MPT ဖုန်းနံပါတ်​ကို Telenor/Ooredoo နံပါတ်​ထဲမှာ အ၀င်​​ call လက်​ခံလို့ရတဲ့နည်း​နော်​။ MPT Sim ကို ဖုန်းထဲက​နေထုတ်​ထားလည်း MPT ကို Call ရင်​ Telenor ထဲ ၀င်​သွားမှာပါ။ အဲတာဆို Sim တကတ်​ထဲဖုန်းက နံပါတ်​ ၂ ခုအ၀င်​လက်​ခံလို့ရပြီ​ပေါ့။ အရမ်းအသုံးဝင်​တာ​နော်​ ကဲ​အောက်​ကနည်းအတိုင်း လိုက်​လုပ်​ကြပါဗျာ အဆင်​​ပြေပါ​စေ။ ကျ​နော်​ ကိုယ်​တိုင်​ စမ်းထားတာမို့ စိတ်​ချလက်​ချ ဒီနည်းကို သုံးနိုင်​ပါတယ်​။ ကဲ စမယ်​ဗျာ ---

- အရင်​ဆုံး MPT Sim Card ကို ဖုန်းထဲမှာထည့်​ထားပါ။
- 1331ကို CF လို့ ​ရေးပြီး SMS ပို့ပါ။ ခန​နေရင်​ SMS တခု ပြန်​၀င်​လာပါမယ်​။ အဲတာဆို စလို့ရပြီ။
- ကို့ရဲ့ MPT Sim မှာ ကိုသုံးချင်​တဲ့ ကတ်​ Telenor/Ooredoo နံပတ်​ကို *21*09×××××××××# လို့ရိုက်​ပြီး Call နိပ်​လိုက်​ပါ။ ခန​နေဆို Success ဖြစ်​တဲ့ စာပြလာရင်​ ​အောင်​မြင်​ပါပြီ။ အဲတာဆို MPT Card ကို ထုတ်​လိုက်​လို့ရပြီ ခုနက ထည့်​ထားတဲ့ နံပါတ်​ Telenor/Ooredoo Sim ကို ဖုန်းထဲ ထည့်​လိုက်​ပါ။ အဲတာဆို အားလုံး အဆင်​​ပြေပါပြီ။

MPT နံပါတ်​ပဲ​ခေါ်​ခေါ် Telenor နံပါတ်​ပဲ​ခေါ်​ခေါ် ကိုထည့်​ထားတဲ့ Telenor Sim ထဲမှာပဲ Calling ၀င်​လာမှာဖြစ်​ပါတယ်​။ အဲတာဆို Sim တခုထဲကို နံပါတ်​ ၂ ခုအ၀င်​ Call လက်​ခံလို့ရပါပြီ။ ကျ​နော်​ လက်​​တွေ့ စမ်းထားတာမို့ မဖြစ်​နိုင်​ဘူးဆိုတာမ​ပြောပါနဲ့​နော်​။ အဆင်​မ​ပြေရင်​ ကျ​နော့်​ဖုန်းနံပါတ်​ 09262690765 ကို ဖုန်းဆက်​ပြီး​မေးပါ။ ဖုန်းနဲ့ ​ရေးတင်​တာမို့ ပုံနှင့်​တကွ မပြနိုင်​တာ ခွင့်​လွှတ်​ပါ​နော်​။


မူလအတိုင်းမူလအတိုင်းပြန်​သုံးချင်​လို့ CF ကိုပြန်​ပိတ်​ချင်​ရင်​ 1331 ကို CF OFF လို့ MPT မှာ SMS ပို့လိုက်​ပါ နဂိုမူလအတိုင်းပြန်​ဖြစ်​သွားပါမယ်​။ အခြားဘာ Setting မှ ချိန်းစရာမလိုပါဘူး။

အားလုံးအဆင်​​ပြေပါ​စေ

Avira System Speedup 3.0.0 Crack |12.9 Mb

Windows System ကို Optimize and Speed Up လုပ်ပေးနိုင်တဲ့ All In One Tool
Avira System Speedup နောက်ဆုံးထွက် Version ကိုတင်ပေးလိုက်ပါတယ်။ဖိုင်ဆိုက်
12.9MB သာရှိပြီး Windows XP/Vista/7/8/8.1/7/8/8.1/10 (32- bit /64-bit)ရှိတဲ့ စက်
တွေအားလုံးမှာအသုံးပြုနိုင်ပါတယ် Full ဖြစ်ဖို့အတွက် Crackထည့်သွင်းထားပါတယ်။အား
လုံးအဆင်ပြေပါစေဗျာ။ (Rar Pass = www.nyilattun.com)
 
 
How to Activate ?

     ==> Install the Program
     ==> After Install Don't Launch/Run the Application [Exit from System Tray]
     ==> Copy Crack folder Content
     ==> Paste/Overwrite/Replace Copied file Into Software Default Install Directory
     ==> Enjoy
   ░░░▒▓██ Download HERE ██▓▒░░░ 

  ░░░▒▓██ Download HERE ██▓▒░░░ 



nyilattun
  

Internet Download Manager 6.26 Build 14 Crack & Patch Full |9.5 MB

မင်္ဂလာပါ...ကွန်ပျူတာကိုင်ဆောင်ကာ IDM 6.26 Build 14 ၊ ၁၂ လပိုင် ၂ ရက်နေ့ နောက်ဆုံးထွက်
 Update အသုံးပြုလိုသူများအတွက် IDM 6.26 Build 14 ကိုတင်ပေးလိုက်ပါတယ်။ဖိုင်ဆိုက်-9.0Mb
သာရှိပါတယ်။Windows XP / Vista/ 7/ 8/ 8.1/ 10 (32-bit or 64-bit) စက်တွေမှာအသုံးပြုနိုင်ပါ
တယ်။full သုံးရအောင်အတွက် Crack & Patch ထည့်သွင်းထားပါတယ်။{မှတ်ချက်...လက်ရှိထည့်
ထားတဲ့IDM ကို Uninstall လုပ်ပြီးမှသာ  IDM 6.26 Build 14 ကို Install  လုပ်ပြီးအသုံးပြုပါဗျ}
အဆင်ပြေပါစေ။
 { Rar Pass = www.nyilattun.com }
   ░░░▒▓██ Download HERE ██▓▒░░░ 

  ░░░▒▓██ Download HERE ██▓▒░░░ 



nyilattun

Panorama 360 Camera VR video ပုံ​တွေ​ကို 360° နဲ့ ရိုက်​လို့ရတဲ့​ဆော့ဝဲ


ပုံနှင့်​ Video ​တွေကို 360° နဲ့ရိုက်​ပြီး Save ထားလို့ရတဲ့​ဆော့ဝဲလ်​ ​ဖြစ်​ပါတယ်​။ သုံးနည်းကို Video ဖိုင်​နဲ့တင်​​ပေးမလို့ပဲ၊ အရမ်းလွယ်​တာမို့ အချိန်​လည်းမရတာနဲ့ မတင်​​တော့ဘူး​နော်​။ Facebook မှာအခုတ​လော နာမည်​ကြီး​နေတာ ​မေးတဲ့သူ​တွေများလာလို့ ပြန်​​ Share ​ပေးလိုက်​တာပါ။ ​ဆော့ဝဲလ်​ကို ​အောက်​က လင့်​မှာ​ဒေါင်းယူနိုင်​ပါပြီ။ ဖိုင်​ဆိုဒ်​လည်း သိပ်​မကြီးတာမို့ လူတိုင်းဆွဲထားလိုက်​ပါ။ တခါတ​လေ အရမ်းကို အသုံးဝင်​ ပါတယ်​။

░░░▒▓██ Download HERE ██▓▒░░░ 


အားလုံးအဆင်​​ပြေပါ​စေ။
Zaw Min Than

Facebook မှာတင်တဲ့ video ဖိုင်တွေကို ဒေါင်းမယ်

                       Facebook မှာတင်တဲ့ video ဖိုင်တွေကို ဒေါင်းမယ်


Facebook မှာတင်တဲ့ video ဖိုင်တွေကို ဒေါင်းမယ်

အခု ကျနော်ရေးမယ့် အကြောင်းကတော့..
ကျနော့် Pages မှာ အကြိမ် ၁၀၀ ကျော်မကမေးထားကြတဲ့
အကြောင်းရာလေးပါ..
Facebook မှာတင်တဲ့ video ဖိုင်တွေကို ဒေါင်းယူတဲ့နည်းလမ်းလေးပါ..
တော်တော်များများသိပြီး ဖြစ်မှာ ဖြစ်သလို
တော်တော်များများကလည်း မသိသေးတဲ့ အရာလေးပါ..
ဒီတော့ သိပြီးသူများကျော်သွားကြဖို့ အရင်အသိပေးပါရစေ..
ဘယ်ကိစ္စမဆို ဒါများအလွယ်လေးဆိုပြီး ကောက်ချက်ချကြတာများပါတယ်..
မသိသေးသူများကိုလည်း အထင်သေးစိတ်မထားသင့်ပါဘူး..
တခါက လူတယောက်က User တွေပိန်းလို့
ဆိုပြီး ထမင်းရည်လျှာလွှဲ ပြောတာကြားဖူးပါတယ်..
ဒီလိုစိတ်ထားဟာ ကျနော့်အတွက်တော့ အောဂလီဆန်ပါပဲ..
စရအောင် ဖုန်းထဲမှာ နောက်ဆုံးထွက် Facebook Apk ရယ်
Download ဆွဲဖို့အတွက် Android တွေအတွက် ကျနော် အကြိုက်ဆုံး
Advanced Download Manager  ရယ် ..။
ဒေါင်းထားတဲ့ ဘယ်လို media format ကိုမဆို
ရုပ်သံကောင်းကောင်း နဲ့ ကြည့်နိုင်ဖို့ MX Player ရယ် ရှိဖို့လိုပါတယ်..
မရှိသေးရင်တော့ နောက်ဆုံးထွက် Facebook Apk ကို ဒီမှာ ယူပါ..
Advanced Download Manager ကို ဒီမှာ ယူပါ..
MX Player ကို ဒီမှာ ယူပါ..
ပြည့်စုံပြီဆိုရင် facebook ကို ဖွင့်မယ်...
video ဖိုင်တင်ထားတာကို ရှာတွေ့ရင် အောက်က (ပုံ။၂) မှာ
ပြထားတဲ့ video ဖိုင်တင်ထားတဲ့ ပို့စ်ရဲ့ ညာဘက်အပါ် ထောင့်လေးကို နှိပ်လိုက်ပါ..
ကျနော်ကတော့ Seventh Son (2014) မြန်မာစာတန်းထိုး တင်ထားတဲ့
ပို့စ်က နမူနာ video ဖိုင်လေးကို ရွေးထားတယ်..။

(ပုံ။၂)


အဲဒါဆိုရင် Save " Seventh Son (2014) မြန်မာစာတန်းထိုး 
View Edit History 
I don't like this post
Turn on notifications ဆိုပြီး ပေါ်လာပါလိမ့်မယ်..
အောက်က (ပုံ။၃) ကိုကြည့်ပါ..
အဲဒီမှာ Save " Seventh Son (2014) မြန်မာစာတန်းထိုး ကိုရွေးလိုက်ပါ..

(ပုံ။၃)

ပြီးရင် ကိုယ့်ရဲ့ Profile ကို ၀င်လိုက်ပါ..
အဲဒီ View your Profile အောက်က (ပုံ။၎) မှာ မြှားပြထားတဲ့
Seved ကို နှိပ်လိုက်ပါ..

(ပုံ။၎)
အောက်က (ပုံ။၅)ကို ဆက်ကြည့်ပါ..

(ပုံ။၅) 
အခုန save ထားတဲ့ video ကို တွေ့ပါပါပြီ..
အဲဒီပေါ်ကို နှိပ်လိုက်ပါ..
အောက်က (ပုံ။၆) မှာပြထားတဲ့ အတိုင်း ကြိုက်ရာနဲ့ ရွေးယူကြည့်ရှုဒေါင်းယူနိုင်ပါတယ်..

(ပုံ။၆)

 ဒီနေရာမှာ သတိပြု စရာရှိတာက  
တခုခုကို ရွေးပြီး Always ကိုနှိပ်လိုက်မယ်ဆိုရင်တော့..
နောက်အကြိမ်တွေကြရင် ဘာမှ ရွေးချယ်ခွင့်ပေးတော့မှာ မဟုတ်ပါဘူး။
ဒီတော့ ဘာကိုပဲရွေးရွေး Just once နဲ့ပဲ သွားပါ..
အဲဒီမှာ ဒေါင်းမယ်ဆိုရင် ADM ပေါ့...
ကြည့်မယ်ဆိုရင်တော့ MX Player ပေါ့..
ကျနော်က ADM နဲ့ ရွေးပြီး ဒေါင်းလိုက်တယ်..
အောက်က (ပုံ။၇) ကိုကြည့်ပါ..

(ပုံ။၇)
 ကျလာတဲ့ windows မှာ မြှားပြထားတဲ့ start ကိုရွေးလိုက်ပါ..
လိုင်းပေါ် မူတည်ပြီး အနှေးအမြန်ကွာမှာပေါ့..
ကျနော်ကတော့ ပြီးသွားပါပြီး..

(ပုံ။၈)
ပြီးသွားရင် ဘယ်မှာရှာမလဲ..
Android တွေကတော့ လွယ်ပါတယ်..
Gallery ထဲမှာပဲ သွားကြည့်ရအောင်..
တွေ့ပါပြီ...ADM ဆိုတဲ့ နာမည်နဲ့ပါ..

(ပုံ။၉)

အဲလိုဆိုရင် အဆင်ပြေမယ် ထင်ပါတယ်..
FB မှာဘယ်သူတင်ထားတာပဲ ဖြစ်ဖြစ် အဲဒီနည်းလမ်းလေးအတိုင်း
လုပ်ပြီး Facebook က video ဖိုင်တွေကို ဒေါင်းယူ ကြည့်ရှုနိုင်ပါတယ်..
                                                                                                                                  ချမ်းငြိမ်း