Tuesday, October 20, 2015

ဖုန်းရဲ့နောက်ဘက်က Flash မီးလေးက တဖျတ်ဖျတ်နဲ့အသိလေးပေးမယ်-Light Manager - LED Settings v8.1 Apk



Android ဖုန်းပိုင်ရှင်အတွက် ဖုန်းထဲကို message ဝင်တဲ့အခါပဲဖြစ်ဖြစ်၊ အခြား Application တစ်ခုခု (Facebook, line and Viber) က Notification ဝင်လာတဲ့အခါ ဖုန်းရဲ့နောက်ဘက်က Flash မီးလေးက တပျက်ပျက်နဲ့ အသံပေးသွားစေမယ့် Android Application လေးဖြစ်ပါတယ်။ Facebook, Message စတဲ့ Notification တွေဝင်လာရင်အလွယ်တကူ သိရှိနိုင်ဖို့ ထုတ်လုပ်ထားတဲ့လို့ဆိုပါတယ်။ ဖုန်းထဲကို Message တစ်ခုခုဝင်လာရင်၊ Facebook က Notification တစ်ခုခုတက်လာရင် ဖုန်းကို Silent လုပ်ထားရင်တောင်မှ မီးတပျတ်ပျတ်အလင်းရောင်လေးနဲ့ သတိပေးမှာ ဖြစ်တဲ့အတွက် မသိလိုက်မှာ မပူရတော့ပါဘူး။ ဖုန်းထဲမှာ သွင်းထားသင့်တဲ့ Application လေးတစ်ခုဖြစ်ပါတယ်။ ဒီကောင်လေးကတော့ ဖုန်းသုံးသူအတွက် update လေးဖြစ်လာလို့ ဒေါင်းလုပ်ယူထားစေချင်ပါတယ်။ဒီကောင်လေးကတော့ ဖိုင်းဆိုဒ် 2.87MB ဖြစ်ပြီး Android OS 2.2 အထက်ကိုသုံးနိုင်ပါတယ်ဗျာ။




   
Download Here

ဝင်းလှိုင်(နည်းပညာ)

No comments:

Post a Comment